KO
KO 한국어
EN 영어
CN 중국어
JP 일본어
PH 필리핀어권
HI 힌디어
BN 벵골어
TA 타밀어
TE 텔루구어
ML 말라얄람어
FA 페르시아어
MY 버마어
NE 네팔어
MR 마라티어
KN 칸나다어
HA 하우사어
YO 요루바어
SW 스와힐리어
IG 이그보어
ID 인도네시아어
PT 포르투갈어
VI 베트남어
AR 아랍어
RU 러시아어
UK 우크라이나어
RO 루마니아어
IT 이탈리아어
FI 핀란드어
TO 통가어
HR 크로아티아어
SR 세르비아어
TR 튀르키예어
HU 헝가리어
PL 폴란드어
SK 슬로바키아어
LA 라틴어
NL 네덜란드어
CS 체코어
FR 프랑스어
ES 스페인어
DE 독일어
OT 기타 언어
통독 확인
이 일차의 맥체인 본문을 완료했나요?
확인 버튼을 누르면 마이페이지 맥체인 진도표에 완료로 기록됩니다.
사무엘하 23
The Last Words of David
1ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
2ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
3ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
4မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
6အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
7ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
David's Mighty Men
8ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
9သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
10ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
11သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
12ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
13ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
14ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
15ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
16ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
17အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
18ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
19သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
20အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
21ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
22ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
23ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
24ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
25ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
26ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
27အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
28အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
29နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
30ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
31အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
32ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
33ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
34မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
35ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
36ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
37အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
38ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
39ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။
갈라디아서 3
The Spirit Received Not by the Law
1ပညာ မဲ့သောဂလာတိ လူတို့၊ လက်ဝါးကပ်တိုင် မှာအသေခံတော်မူသောယေရှု ခရစ် ကို သင် တို့ မျက်မှောက် ၌ ထင်ရှား စွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှာသင် တို့ကို အဘယ်သူ ပြုစား သနည်း။
2ပညတ် တရား၏အကျင့် အားဖြင့် ဝိညာဉ် တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည် ခြင်းတရားကို ကြားနာ ခြင်းအားဖြင့် ခံရ ကြသလောဟူသောအရာ တစ်ခုကိုသာ သင် တို့၌ ငါသိ လို ၏။
3ဤမျှလောက် ပညာ မဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိ ပြီးမှ၊ ဇာတိ ကိုအမှီပြု၍ ပြီး စေကြသလော။
4ဤမျှလောက် ဆင်းရဲ ခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက် ဖြစ် ရမည်လော။
5ထိုမှတပါးဝိညာဉ် တော်ကို သင် တို့အား ပေး ၍၊ သင် တို့၌ တန်ခိုး များကိုပြ သောသူသည်ပညတ် တရား၏ အကျင့် အားဖြင့် ပြသလော။ ယုံကြည် ခြင်းတရားကို နာ ခြင်းအားဖြင့် ပြသလော။
Abraham's Faith and the Curse of the Law
6ထိုနည်းတူအာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
7ယုံကြည် ခြင်းရှိသောသူ သည် အာဗြဟံ ၏သား ဖြစ် သည်ဟု အမှန်သိမှတ် ကြလော့။
8ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။
9သို့ဖြစ်၍ ယုံကြည် ခြင်းရှိသောသူ တို့သည် ယုံကြည် သော အာဗြဟံ နှင့်အတူ ကောင်းကြီး မင်္ဂလာကိုခံရကြ၏။
10ပညတ် တရား၏အကျင့် ကို အမှီပြု သောသူ ရှိသမျှ တို့သည် အကျိန် နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ၊ ပညတ္တိ ကျမ်းစာ ၌ ပါ သမျှ သော စကား တို့ကို အမြဲ မ ကျင့်သောသူ တိုင်း ကျိန် တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။
11တဖန်တုံ၊ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
12ပညတ် တရားမူကား ၊ ယုံကြည် ခြင်းနှင့် မ စပ်ဆိုင် ။ ထိုအကျင့်ကို ကျင့် သောသူ သည်၊ ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။
13ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။
14အကြောင်းမူကား ၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်ယေရှု ခရစ် အားဖြင့် တပါး အမျိုးသားတို့၌ သက်ရောက် သည်ဖြစ်၍ ၊ ငါတို့သည် ဂတိ တော်နှင့် ယှဉ်သော ဝိညာဉ် တော်ကိုယုံကြည် ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။
The Promise Precedes the Law
15ညီအစ်ကို တို့၊ လောကီ ဝေါဟာရအားဖြင့် ငါပြော မည်။ လူ သော်လည်း ဝန်ခံ စာကိုချုပ် ပြီးမှအဘယ်သူ မျှမပယ် ရ။ ထပ်ဆင့် ၍စကားကို မသွင်းရ။
16ဂတိ တော်တို့ကို အာဗြဟံ နှင့် သူ ၏အမျိုးအနွယ် ၌ ထား တော်မူ၏။ အမျိုးအနွယ်တို့ဟု အများ သောသူ တို့ကိုရည်မှတ် ၍ မိန့် တော်မူသည်မ ဟုတ်။ သင် ၏ အမျိုးအနွယ်ဟု တစ် ယောက်သောသူကို ရည်မှတ် ၍ မိန့် တော်မူ၏။ ထိုတစ်ယောက်သောသူ ကား ခရစ်တော် ဖြစ် သတည်း။
17ငါဆို သည်ကား၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင် တည် စေတော်မူနှင့်သောပဋိညာဉ် တရားကို အနှစ် လေးရာ သုံးဆယ် လွန် ပြီးမှနောက်ဖြစ် သောပညတ် တရားသည်မ ပယ် နိုင်။ ဂတိ တော်ကို အချည်းနှီး မဖြစ်စေနိုင်။
18ထိုမှတစ်ပါး၊ အမွေ တော်သည် ပညတ် တရားနှင့် စပ်ဆိုင် လျှင် ဂတိ တော်နှင့်မ စပ်ဆိုင် ။ ဘုရားသခင် သည် ဂတိ တော်အားဖြင့် အာဗြဟံ အား ထိုအမွေတော်ကို သနား တော်မူ၏။
19သို့ဖြစ်၍ ပညတ် တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိ တော်ကိုခံသော အမျိုးအနွယ် မ ဖြစ် မှီတိုင်အောင်၊ ဒုစရိုက် များကြောင့် ထိုတရားကို ထပ် ၍ပေးတော်မူ၏။ ထိုတရား ကိုကောင်းကင် တမန်များအားဖြင့် အာမခံ ၏ လက် ၌ထား တော်မူ၏။
20အာမခံ မည်သည်ကား၊ တစ် ဘက်နှင့်သာဆိုင် သည်မ ဟုတ်။ ဘုရားသခင် မူကား တစ် ဘက်ဖြစ် တော်မူ၏။
21သို့ဖြစ်၍ ပညတ် တရားသည် ဘုရားသခင် ၏ ဂတိ တော်နှင့် ဆန့်ကျင်ဘက် ဖြစ်သလော။ ထိုသို့ မ ဖြစ် နိုင်ရာ။ အသက် ရှင်စေနိုင် သော ပညတ် တရားကို ပေး တော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရား အားဖြင့် ဖြောင့်မတ် ခြင်းကိုရ လိမ့်မည် ။
22ယခုမူကား ၊ ယုံကြည် သောသူ တို့သည် ယေရှု ခရစ် ကို ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဂတိ တော်ကို ရ မည်အကြောင်း ကျမ်းစာ သည်လူအပေါင်း တို့ကို အပြစ် ၌ ချုပ် ထား၏။
Children of God Through Faith
23ယုံကြည် ခြင်းတရားမ ရောက် မှီ ပညတ် တရားသည်စောင့် နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှား လတံ့သော ယုံကြည် ခြင်းတရားကိုမြော်လင့်၍ ချုပ် ထားလျက်ရှိကြ၏။
24ထိုကြောင့် ငါတို့သည်ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်စေခြင်းငှါ ပညတ် တရားသည် ခရစ်တော် ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါ တို့၏ အထိန်း ဖြစ် သတည်း။
25ယုံကြည် ခြင်းတရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိန်း လက်မှ လွတ် ကြ၏။
26အဘယ်သို့ နည်းဟူမူကား၊ သင်တို့အပေါင်း သည် ယေရှု ခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။
27ခရစ်တော် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။
28ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။
29ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။
에스겔 30
The Day of the Lord Coming Upon Egypt
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2အချင်းလူသား ၊ သင်သည် ပရောဖက်ပြု လျက် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောက်ရသောနေ့ သည် အမင်္ဂလာ ရှိသည်ဟု အော်ဟစ် ကြလော့။
3ထိုနေ့ နီး ပြီ။ ထာဝရဘုရား ၏နေ့ ၊ မိုဃ်းအုံ့ သောနေ့ ၊ တပါး အမျိုးသားဘို့ ချိန်းချက်သော အချိန် နီး ပြီ။
4ထား ဘေးသည် အဲဂုတ္တု ပြည်သို့ ရောက် သဖြင့် ၊ သူရဲ တို့သည် လဲ ၍သေကြသောအခါ ၊ အဲသယောပိ ပြည် သည် ပူပန် လိမ့်မည်။ အလုံးအရင်း ကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက် ကြလိမ့်မည်။
5အဲသယောပိ ပြည်သား၊ ဖုတ ပြည်သား၊ လုဒ ပြည်သား၊ အမျိုး မစစ်သော လူရှိသမျှ ၊ ခုဘ အမျိုးသား၊ မိဿဟာယ ဖွဲ့သော ပြည်သား တို့သည်၊ အဲဂုတ္တု ပြည်သားတို့နှင့်တကွ ထား ဖြင့် လဲ ၍သေကြလိမ့်မည်။
6အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
7ပျက်စီး သော ပြည် တို့တွင် ပျက်စီး လျက်ရှိကြ၍ ၊ လူဆိတ်ညံ သော မြို့ တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင် ကြ လိမ့်မည်။
8ငါသည် အဲဂုတ္တု ပြည်၌ မီးညှိ ၍ ထိုပြည်ကို မစ သမျှ သောသူတို့ သည် ပျက်စီး ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
9ထိုအခါစိုးရိမ် ခြင်းမရှိသော အဲသယောပိ ပြည်သားတို့ကို ကြောက် စေခြင်းငှါ၊ ငါစေလွှတ်သော တမန် တို့ သည် သင်္ဘော စီး၍ သွား ကြသဖြင့်၊ အဲဂုတ္တု ပြည်၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်းရဲ ခြင်းသို့ ရောက် ရကြ လိမ့်မည်။ ထိုအချိန်လည်းနီး ပြီဟု မိန့်တော်မူ၏။
10အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အားဖြင့် အဲဂုတ္တု ပြည် ၏ အလုံးအရင်း ကို ငါဖြတ် မည်။
11ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။
12မြစ် တို့ကို ငါခန်းခြောက် စေ၍ ၊ အဓမ္မ လူတို့အား ပြည် ကို ရောင်း လိုက်မည်။ တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် ပြည် နှင့်တကွ ပြည် ၌ ပါသမျှ ကို ငါဖျက်ဆီး မည်။ ငါ ထာဝရဘုရား ပြော ပြီ။
13အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။
14ပါသရု ပြည်ကို ငါဖျက် မည်။ ဇောန မြို့ကိုလည်း မီး ရှို့မည်။ နော မြို့ကိုလည်း အပြစ်ဒဏ် စီရင် မည်။
15အဲဂုတ္တု ပြည်၏ အစွမ်းသတ္တိ ဖြစ်သော သိန် မြို့ အပေါ်သို့ ငါသည် အမျက် ကို သွန်းလောင်း ၍ ၊ နော မြို့သားအလုံးအရင်း ကို ပယ်ဖြတ် မည်။
16အဲဂုတ္တု ပြည်၌ မီးညှိ ၍ သိန် မြို့သည် တုန်လှုပ် ခြင်း၊ နော မြို့ရိုးသည် ပြို ပေါက်ခြင်း၊ နောဖ မြို့သည် နေ့ အချိန်၌ပင် စစ်တိုက် ခြင်းကိုခံရ လိမ့်မည်။
17အာဝင် မြို့၊ ဖိဗေသက် မြို့သားလုလင် တို့သည် ထား ဖြင့် လဲ ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်း သွား ခြင်းကိုခံရ ကြလိမ့်မည်။
18တာပနက် မြို့၌ အဲဂုတ္တု လှံတံ တို့ကို ငါ ချိုး ၍ ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေဆုံး သောအခါ နေ့ အချိန် ၌ အလင်းကွယ် လိမ့်မည်။ မိုဃ်းအုံ ၍ မြို့ သမီး တို့သည် သိမ်း သွားခြင်းကိုခံရ ကြလိမ့်မည်။
19ထိုသို့ အဲဂုတ္တု ပြည်၌ ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
The Prophecy of Pharaoh's Broken Arm
20သက္ကရာဇ် တဆယ် တခု ၊ ပဌမ လ ခုနစ် ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။
22ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းတဘက် ၌ နေသဖြင့် ၊ သူ ၏လက်ရုံး တည်းဟူသော၊ ခိုင်မာ သော လက်ရုံးနှင့် အရင်ချိုး သောလက်ရုံးကို ငါချိုး ၍ ထား ကို သူ့ လက် မှ ကျ စေမည်။
23အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့ တွင် ကွဲပြား ပြန့်လွင့် စေမည်။
24ဗာဗုလုန် ရှင်ဘုရင် ကို ငါခိုင်မာ စေ၍ ၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖာရော မင်း၏ လက်ရုံး တို့ကို ငါချိုး သဖြင့် ၊ သူသည် အသေ သတ်ခြင်းကို ခံရသောသူ အော်ဟစ် သကဲ့သို့၊ ဗာဗုလုန် ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
25ဗာဗုလုန် ရှင်ဘုရင် ၏ လက်ရုံး တို့ကို ငါခိုင်မာ စေမည် ။ ဖာရော ဘုရင်၏ လက် မူကား ၊ အောက်သို့ကျ လိမ့်မည်။ ငါ့ ထား ကို ဗာဗုလုန် ရှင်ဘုရင် လက် ၌ ငါ အပ် ၍၊ သူသည် အဲဂုတ္တ ပြည် ကို ထိုထားနှင့်ခုတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်။
26ထိုသို့ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့၌ ငါကွဲပြား ပြန့်လွင့် စေမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
시편 78:38-72
38ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။
39သူ တို့သည် အသား ဖြစ်ကြောင်း ကို၎င်း ၊ စုတေ့၍ နောက် တဖန် မ လာ တတ်သော ဝိညာဉ် ဖြစ်ကြောင်းကို၎င်း အောက်မေ့ တော်မူ၏။
40သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။
41ဘုရား သခင်ကို အဖန်ဖန် စုံစမ်း ၍ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဆန့်ကျင် ဘက် ပြုကြပါသည်တကား။
42တန်ခိုး တော်ကို၎င်း၊ ဒုက္ခ ထဲက ကယ် လွှတ်တော်မူသော နေ့ရက် ကာလကို၎င်း မ အောက်မေ့ ကြ။
43အဲဂုတ္တု ပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောန အရပ် ၌ အံ့ဘွယ် သော အမှုတို့ကို၎င်း ၊ ပြု တော်မူ၏။
44ထိုပြည်သားတို့သည် ရေမ သောက် ရမည် အကြောင်း၊ သူ တို့ မြစ် ရေ၊ စမ်း ရေများကို သွေး ဖြစ် စေတော်မူ၏။
45သူ တို့ကို ကိုက်စား တတ်သောယင်ရဲ တို့ကို ၎င်း ၊ ဖျက်ဆီး တတ်သော ဘား တို့ကို၎င်း ၊ စေ လွှတ်တော်မူ၏။
46သူ တို့၏ မြေအသီး အနှံကို ခါသိလကျိုင်း တို့အား၎င်း၊ သူ တို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်း တို့ အား ၎င်း ပေး တော်မူ၏။
47သူ တို့စပျစ် နွယ်ပင်များကို မိုဃ်းသီး ဖြင့် ၎င်း၊ သူ တို့ သဖန်း ပင်များကို နှင်းခဲ ဖြင့် ၎င်း ဖျက်ဆီး တော်မူ၏။
48သူ တို့၏ သိုး နွားများကို မိုဃ်းသီး ၌ ၎င်း ၊ ပြုစု သော တိရစ္ဆာန် များကို မီး ၌ ၎င်း အပ် တော်မူ၏။
49အမျက် တော် အရှိန် အားဖြင့် သူ တို့၌ ဆိုး သော တမန် တို့ကို စေလွှတ် ၍ လွှမ်းမိုး ခြင်း၊ ဒဏ်ခတ် ခြင်း၊ နှောင့်ရှက် ခြင်းအမှုကိုဖြစ် စေတော်မူ၏။
50အမျက် တော်ဘို့ လမ်း ကိုပြင်ဆင် တော်မူ၏။ သူ တို့အသက် ကို မ နှမြော ၊ သေ စေခြင်းငှါ ကာလနာ သို့ အပ်နှံ သဖြင့်၊
51အဲဂုတ္တု ပြည်၌ သား ဦးအပေါင်း တို့ကို၎င်း ၊ ဟာမ သားတို့နေရာ အရပ်၌ အထွဋ် အမြတ်များကို၎င်းဒဏ်ခတ် တော်မူ၏။
52မိမိ လူ များကိုကား၊ သိုး ကဲ့သို့ ထွက် စေ၍ ၊ တော ၌ သူ တို့ကို သိုးစု ကဲ့သို့ ဆောင် တော်မူ၏။
53ဘေး နှင့်ကင်းလွတ်အောင် ဆောင် တော်မူသဖြင့် ၊ သူတို့သည် မ ကြောက် ရကြ။ ရန်သူ တို့ကိုကား ပင်လယ် ရေသည် လွှမ်း လေ၏။
54သန့်ရှင်း သော ပြည် တော်စွန်းတိုင်အောင် ၎င်း ၊ လက်ျာ လက်တော်အားဖြင့်အပိုင် ရတော်မူသောဤ တောင် သို့၎င်း၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
55သူ တို့ရှေ့ မှာလည်း ၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးလျှင် ၊ ဣသရေလ အမျိုး အနွယ် အသီးအသီးတို့ သည် အမွေ ခံရသောမြေ ကို တာထိုး၍ ပိုင်းခြား လျက် နေရာ ချတော်မူ၏။
56သို့သော်လည်း ၊ သူ တို့သည် အမြင့်ဆုံး သော ဘုရား ကို စုံစမ်း ၍ ပုန်ကန် ကြ၏။ သက်သေ ခံတော်မူချက် များကို မ စောင့် ဘဲ၊
57ဘိုးဘေး များကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကိုဖျက် ကြ၏။ လိမ် တတ်သောလေ ကဲ့သို့ လမ်းလွဲ ကြ၏။
58သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။
59ဘုရား သခင်သည် ကြားသိ တော်မူလျှင် ၊ အမျက် တော်ထွက်၍၊ ဣသရေလ အမျိုးသားတို့ကို အလွန် ရွံရှာ သဖြင့်၊
60ရှိလော တဲ တော်တည်းဟူသော ၊ လူ တို့တွင် နေရာ ချတော်မူသောအရပ် ကိုစွန့် တော်မူ၏။
61တန်ခိုး တော်ကို သိမ်း သွားစေခြင်းငှါ ၎င်း ၊ ဘုန်း တော်ကို ရန်သူ တို့လက် သို့ ရောက်စေခြင်းငှါ ၎င်း စီရင် တော်မူ၏။
62မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။
63လူပျို တို့သည် မီး လောင် ခြင်းကိုခံရသော်လည်း ၊ အပျို တို့သည် မ ငိုကြွေး ရကြ။
64ယဇ် ပုရောဟိတ်တို့သည် ထား ဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမ တို့သည် မြည်တမ်း ခြင်းကို မ ပြုရကြ။
65ထိုအခါ ဘုရား ရှင်သည် အိပ်ပျော်ပြီးသောသူ ကဲ့သို့ ၎င်း၊ စပျစ်ရည် ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎င်း နိုး တော်မူ၏။
66ရန်သူ တို့ကိုဒဏ်ခတ် ၍ လှန် သဖြင့်၊ အစဉ် အမြဲအရှက်ကွဲ စေ တော်မူ၏။
67သို့ရာတွင် ၊ ယောသပ် ၏ တဲ တော်ကို ငြင်းပယ် ၍ ဧဖရိမ် အမျိုး ကို ရွေး တော်မ မူ။
68ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။
69သန့်ရှင်း ရာဌာနတော်ကို အထွဋ် ကဲ့သို့ တည်ဆောက် ၍ ၊ မြေကြီး ကဲ့သို့ အစဉ် မြဲစေ တော်မူ၏။
70ကျွန်တော်မျိုး ဒါဝိဒ် ကို သိုး ခြံ များထဲက ရွေး ယူ တော်မူ၏။
71သား ငယ်ရှိသောသိုး မတို့ကို ထိန်း ခြင်းအမှုမှ နှုတ် ၍ မိမိ လူ တည်းဟူသောယာကုပ် အမျိုးသား၊ အမွေ တော်တည်းဟူသောဣသရေလ လူတို့ကို ကျွေးမွေးစေ ခြင်းငှါ ခန့်ထားတော်မူ၏။
72ထိုသူ သည် ဖြောင့်သောသဘော ရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာ သောလက် နှင့် ပို့ဆောင် လေ၏။