麥克謙聖經旅程

麥克謙一年通讀

每天 4 段經文,一年讀完舊約 1 次、新約與詩篇 2 次。

365 一年固定通讀表
4 每天 4 段經文
181 選取的日次
‹ 第 181 天 / 共 365 天 ›
譯本

讀經確認

你完成了這一天的麥琴讀經嗎?

點選確認後,會在我的頁面麥琴進度表中記錄為已完成。

家庭崇拜 · 舊約

여호수아 2

開啟正文 →
第 2 章

Rahab Hides the Spies

1နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။

2ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊

3ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။

4ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။

5မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ ၊ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။

6သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ ၊ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။

7မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။

The Oath of Rahab and the Spies

8သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊

9ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း ၊ သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။

10သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။

11ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။

12သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု ၍၊

13ကျွန်မ မိဘ ၊ ညီအစ်မ ၊ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊

14ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။

15ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ၊ ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊

16သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး ၍ သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်၊

17ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ၊ ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။

18ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ၊ ယခု လျှော့ချ သော ပြတင်းပေါက် ၌ ဤ ကြိုး နီကို ချည် ထား၍ ၊ သင့် မိဘ ၊ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ၌ ခေါ် ထားရမည်။

19ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။

20ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊

21မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ၌ ချည် ထားလေ၏။

The Spies Return and Report

22ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား ၍ လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ ၍ မ တွေ့ကြ။

23ထို လူ နှစ် ယောက်တို့သည် လှည့် ၍ တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် ၊ နုန် ၏သား ယောရှု ထံ သို့ ရောက် ၍ ၊ မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊

24အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။

家庭崇拜 · 新約

시편 123, 124, 125

開啟正文 →
第 123 章

Eyes Lifted in Hope of Mercy

1ကောင်းကင် ဘုံ၌ ကျိန်းဝပ် တော်မူ သောဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် မျှော် ကြည့် ပါ၏။

2ကျွန် တို့သည် သခင် လက် ကို ၎င်း၊ ကျွန် မတို့သည် သခင်မ လက် ကို ၎င်းမျှော် ကြည့်သည်နည်းတူ ၊ အကျွန်ုပ် တို့ သည် ကယ်မ သနားတော်မူခြင်းကျေးဇူးကို မ ခံမှီတိုင်အောင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို မျှော် ကြည့်လျက်နေကြပါ၏။

3အို ထာဝရဘုရား ၊ ကယ် မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန် အရှက် ကွဲခြင်းကိုခံရ ပါသည် ဖြစ်၍ ၊ ကယ် မသနားတော်မူပါ။

4မထီမဲ့မြင် ပြုသောသူတို့ ၏ ကဲ့ရဲ့ ခြင်းကို၎င်း၊ မာနကြီး သောသူတို့ ၏ အရှက်ခွဲ ခြင်းကို၎င်း၊ အကျွန်ုပ် တို့ ၏ ဝိညာဉ် သည် အလွန် ခံရ ပါ၏။

第 124 章

Salvation like a Bird Escaped from the Snare

1ထာဝရဘုရား သည် ငါ တို့ဘက်မှာ ရှိ တော်မ မူလျှင်ဟူသောစကား နှင့် ချီ၍၊ ဣသရေလ အမျိုးဆိုရ သောစကား ဟူမူကား၊

2ထာဝရဘုရား သည် ငါ တို့ဘက် မှာ ရှိ တော်မ မူလျှင်၊ လူ တို့သည် ငါ တို့ရန်ဘက် ၌ နေကြသောအခါ၊

3အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။

4ထိုအခါ ငါ တို့ကို ရေ သည်၊ လွှမ်းမိုး ၍ စီး သော ရေသည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော် သွားပြီ တကား။

5စော်ကား သော ရေ တို့သည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော်သွား ကြပြီတကား။

6သူ တို့သွား နှင့် ကိုက် ခဲရာဘို့ ငါ တို့ကို အပ် တော် မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။

7ငှက် သည် မုဆိုး တို့၏ ကျော့ကွင်း ထဲက လွတ် သကဲ့သို့ ၊ ငါ တို့အသက် သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ် ၍ ငါ တို့သည် လွတ် ကြပြီ။

8ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ သောထာဝရဘုရား ၏ နာမ တော်အားဖြင့် ၊ ငါ တို့သည် မစ ခြင်းကျေးဇူးကိုခံရကြသတည်း။

第 125 章

The Lord Who Surrounds and Keeps like the Mountains

1ထာဝရဘုရား ကို ခိုလှုံ သောသူတို့ သည် မ တုန် မလှုပ်၊ အစဉ်အမြဲ တည် သော ဇိအုန် တောင် ကဲ့သို့ ဖြစ်ကြ ၏။

2တောင် ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ဝန်းရံ တော်မူ၏။

3ဖြောင့်မတ် သောသူတို့ သည် ဒုစရိုက် ကို ပြု သောအခွင့် မ ရှိစေခြင်းငှါ ၊ မ တရားသောသူတို့၏ လှံတံ သည် ဖြောင့်မတ် သောသူတို့ ၏ အမွေခံ ရာအဘို့အပေါ် မှာ မ တည် မနေရ။

4အိုထာဝရဘုရား ၊ ကောင်း သောသူ၊ သဘောဖြောင့် သောသူတို့ အား ကျေးဇူး ပြုတော်မူပါ။

5ကောက် သောလမ်းများသို့ လွှဲ သွားသောသူတို့ ကိုကား ၊ ထာဝရဘုရား သည် မ တရားသဖြင့်ပြု သောသူတို့ နှင့်အတူ ထုတ်သွား တော်မူမည်။ ဣသရေလ အမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။

個人靈修 · 舊約/詩篇

이사야 62

開啟正文 →
第 62 章

Zion's New Name and the Unceasing Watchmen

1ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။

2တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။

3သင်သည် ထာဝရဘုရား ၏ လက် တော်၌ တင့်တယ် သော ဦးရစ် ၊ သင် ၏ဘုရား သခင်ကိုင် တော်မူသောမင်း မြောက်သရဖူ ဖြစ် လိမ့်မည်။

4သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။

5လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။

6အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။

7ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။

8ထာဝရဘုရား က၊ သင် ၏ ရန်သူ တို့ကို သင် ၏ စပါး နှင့် နောက်တဖန် ငါမ ကျွေး။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည် ကို တပါးအမျိုးသား တို့သည် မ သောက် ရကြ။

9စပါးကိုရိတ် သောသူတို့သည် ကိုယ်တိုင် စား ၍ ၊ ထာဝရဘုရား ကို ချီးမွမ်း ကြလိမ့်မည်။ စပျစ်သီးကို သိမ်း သောသူတို့ သည် ငါ ၏ သန့်ရှင်း ရာဌာနတန်တိုင်း အတွင်း ၌ စပျစ်ရည်ကို သောက် ကြလိမ့်မည်ဟု တန်ခိုး ကြီးသော လက်ျာ လက်ရုံး တော်ကို တိုင်တည်၍ ကျိန်ဆို တော်မူပြီ။

10မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။

11မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။

12သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။

個人靈修 · 新約

마태복음 10

開啟正文 →
第 10 章

Jesus Sends Out the Twelve Apostles

1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။

2တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့၏ အမည် ကား ၊ ပဌမ မှာ၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊

3ဇေဗေဒဲ ၏သား ယာကုပ် နှင့် သူ့ ညီ ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊ သောမ နှင့် အခွန်ခံ မသ္သဲ ၊ အာလဖဲ ၏သား ယာကုပ် နှင့် သဒ္ဒဲ ဟုအမည်သစ်ကိုရသော လေဗဲ၊

4ကာနနိတ် လူရှိမုန် နှင့် ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ် ပေတည်း။

5ထို တစ်ကျိပ် နှစ်ပါးသော သူ တို့ကို ယေရှု သည် စေလွှတ် တော်မူ၍၊ သင်တို့သည် တစ်ပါး အမျိုးသားတို့ရှိရာ သို့ မ သွား ကြနှင့်။ ရှမာရိ မြို့ ရွာထဲသို့ မ ဝင် ကြနှင့်။

6ဣသရေလ အမျိုး ၊ ပျောက်လွင့် သော သိုး များရှိရာ သို့ အရင် သွား ကြလော့။

7သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံ တော် တည်လုနီး ပြီဟုသိတင်းကြားပြော ကြလော့။

8နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။

9ရွှေ ၊ ငွေ ၊ ကြေး တို့ကို ခါးပန်း ထဲ၌ မ သိုမှီး ကြနှင့်။

10လမ်း ခရီးဘို့ လွယ်အိတ် ၊ အင်္ကျီ နှစ် ထည်၊ ခြေနင်း တောင်ဝေး ကို မ သိုမှီးကြနှင့်။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူ သည် ကျွေးမွေး ခြင်းကို ခံထိုက် ပေ၏။

11မည်သည် မြို့ မည်သည်ရွာ သို့ ဝင် လျှင်၊ ထိုမြို့ ရွာ၌ အဘယ် မည်သောသူသည် ထိုက်တန် သနည်းဟု မေးမြန်း ၍၊ ထို မြို့ရွာမှ မ ထွက် မသွားမှီတိုင်အောင်ထိုသူ ၏အိမ်တွင် နေ ကြလော့။

12အိမ် သို့ ဝင် သောအခါ မင်္ဂလာရှိပါစေသောဟုနှုတ်ဆက် ခြင်းကို ပြုကြလော့။

13ထိုအိမ် သည် ထိုက်တန် လျှင် သင် တို့မြွက်သော မင်္ဂလာ ရောက် စေသတည်း။ မ ထိုက်တန် လျှင် သင် တို့ ထံသို့ ပြန်လာ စေသတည်း။

14အကြင်သူ သည်သင် တို့ကို လက် မ ခံ၊ သင် တို့၏ စကား ကိုနား မ ထောင်ဘဲနေ၏။ ထို သူနေသော အိမ် မှ၎င်း၊ မြို့ မှ၎င်း ထွက်သွား စဉ်၊ သင် တို့၏ ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့။

15ငါအမှန် ဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ ထို မြို့ သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ထက် သာ၍ ခံရလတံ့။

Coming Persecutions Foretold

16တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။

17လူ တို့ကို သတိပြု ကြ။ အကြောင်းမူကား ၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။

18ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။

19သင် တို့ကို အပ်နှံ သောအခါ အဘယ်သို့ ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။ ပြော ရသောစကားကို ထို ခဏခြင်း တွင် သင် တို့သည်ရ ကြလိမ့်မည်။

20အကြောင်းမူကား ၊ သင် တို့ အလိုအလျောက် ပြော ကြသည်မ ဟုတ် ။ သင် တို့အဘ ၏ ဝိညာဉ် တော်သည် သင် တို့အားဖြင့် ပြော တော်မူ၏။

21ထိုအခါ ညီအစ်ကို ချင်းတစ်ယောက်ကိုတစ်ယောက် သေ စေခြင်းငှာ အပ်ကြလိမ့်မည်။ အဘ သည်လည်း သား ကို အပ် လိမ့်မည်။ သားသမီး တို့သည်လည်း မိဘ ကို ရန်ဘက် ပြု၍ သေ စေကြလိမ့်မည်။

22လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကို မုန်း ကြလိမ့်မည် ။ အကြင်သူသည်အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။

23တစ်မြို့ ၌ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။

24တပည့် သည် ဆရာ ထက် မ သာ။ ကျွန် သည် သခင် ထက် မ သာ။

25တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။

Fear Him Who Is to Be Feared

26ထို့ကြောင့် သူ တို့ကို မ ကြောက် ကြနှင့်။ ဖုံးထား လျက်ရှိ သမျှသောအရာတို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။

27မှောင်မိုက် ၌ သင် တို့အား ငါပြော သောအရာ များကို သင်တို့သည် အလင်း ၌ ကြားပြော ကြလော့။ သင် တို့နား အပါး၌ ပြော၍ ကြား သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလော့ ဟု မိန့်တော်မူ၏။

28တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။

29စာငှက် နှစ် ကောင်ကို အဿရိ တစ်ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ သင် တို့အဘ အခွင့်မ ရှိလျှင် ထို စာငှက်တစ် ကောင်မျှ မြေ သို့ မ ကျ ရ။

30သင် တို့ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ ၏။

31ထို့ကြောင့် မ ကြောက် ကြနှင့်။ သင် တို့သည် စာငှက် အများ တို့ထက် သာ၍ မြတ်ကြ၏။

32အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကိုငါ ဝန်ခံ မည်။

33အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုငြင်းပယ် အံ့ ။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကို ငါ ငြင်းပယ် မည်။

Not Peace, but a Sword

34မြေ ပေါ်သို့ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်ဟုမ ထင် ကြနှင့်။ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်မ ဟုတ်။ ဓား ကို စေလွှတ်အံ့သောငှာငါလာသတည်း။

35အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား စေခြင်းငှာငါလာ သတည်း။

36ကိုယ် အိမ်သူ အိမ်သားတို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။

37အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။

38အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ နှင့် မ ထိုက် မတန်။

39မိမိ အသက် ကို တွေ့ သောသူ သည် အသက် ရှုံး လိမ့်မည်။ ငါ့ ကြောင့် မိမိ အသက် ရှုံး သောသူ မူကားအသက် ကို တွေ့ လိမ့်မည်။

Rewards for Receiving a Disciple

40သင် တို့ကို လက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို လက်ခံ ၏။

41ပရောဖက် ၏ မျက်နှာ ကိုထောက်၍၊ ပရောဖက် ကို လက်ခံ သောသူ သည် ပရောဖက် ၏အကျိုး ကို ခံရ လတံ့၊ ဖြောင့်မတ် သောသူ၏မျက်နှာ ကိုထောက်၍၊ ဖြောင့်မတ် သောသူကို လက်ခံ သောသူ သည် ဖြောင့်မတ် သောသူ၏အကျိုး ကိုခံရ လတံ့။

42အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။