麥克謙聖經旅程

麥克謙一年通讀

每天 4 段經文,一年讀完舊約 1 次、新約與詩篇 2 次。

365 一年固定通讀表
4 每天 4 段經文
269 選取的日次
‹ 第 269 天 / 共 365 天 ›
譯本

讀經確認

你完成了這一天的麥琴讀經嗎?

點選確認後,會在我的頁面麥琴進度表中記錄為已完成。

家庭崇拜 · 舊約

사무엘하 22

開啟正文 →
第 22 章

David's Song of Thanksgiving

1ဒါဝိဒ် သည် ရှောလု မင်းမှစ၍ ရန်သူ အပေါင်း တို့ လက် မှ ထာဝရဘုရား ကယ်လွှတ် တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်တွင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊

2ထာဝရဘုရား သည်ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကို ကယ်လွှတ် သော သခင်၊

3ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။

4ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်းလျှောက် ၍ ၊ ရန်သူ တို့လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။

5သေခြင်း လှိုင်း တံပိုးတို့သည် ငါ့ ကို ဝိုင်း မိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်း ကြောင့် ငါ ကြောက်လန့် ရ၏။

6မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။

7ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ၊ ထာဝရဘုရား ကို ခေါ် ၍ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ်သောအသံ ကို ဗိမာန် တော်ထဲမှာ ကြား တော်မူ၍ ၊ အော်ဟစ် သောအသံသည် နား တော်ထဲသို့ ဝင်လေ၏။

8ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ မိုဃ်း ကောင်းကင်အမြစ် တို့သည် တရွေ့ရွေ့ လှုပ်ရှား ကြ၏။

9နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။

10မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ် လေ၏။

11ခေရုဗိမ် ကို စီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာ ထင်ရှား တော်မူ၏။

12မှောင်မိုက် တည်းဟူသော တခဲနက် သော ရေ နှင့် ထူထပ် သောမိုဃ်းတိမ် တို့ကို ကိုယ်တော် ၌ ကာရံ စေတော်မူ၏။

13ရှေ့ တော်၌ ရောင်ခြည် ကြောင့် မီးခဲ တောက် လျက် ရှိ၏။

14ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။

15လေး မြှားတို့ကိုပစ် ၍ လျှပ်စစ် ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ် သို့ ခွဲ၍ ရှုံး စေတော်မူ၏။

16ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။

17အထက် အရပ်က လက်တော်ကိုဆန့် ၍၊ တခဲနက် သော ရေ ထဲက ငါ့ ကို ဆယ် ယူ တော်မူ၏။

18ငါ့ ကိုမုန်း သော သူတည်းဟူသောငါ ပြိုင် ၍ မနိုင်နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ်လွှတ် တော်မူ၏။

19ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည် ငါ မှီခိုရာ ဖြစ် ၍၊

20ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကိုနှစ်သက် သောကြောင့် ကယ်လွှတ် တော်မူ၏။

21ငါ ဖြောင့်မတ်ခြင်း ရှိသည်အလျောက် ထာဝရဘုရား သည် အကျိုး ကိုပေး၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။

22အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့အစဉ်လိုက် ၏။ ငါ ၏ဘုရား သခင့်ထံမှ ပြစ်မှား ၍ မ သွား။

23စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့ တော်တို့မှ မ လွှဲ။

24ရှေ့ တော်မှာဖြောင့်မတ် ၍ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။

25ထိုကြောင့် ရှေ့ တော်မှာ ထင်ရှားသော ငါ ၏ဖြောင့်မတ် ခြင်း၊ စင်ကြယ် ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရား သည် ငါ ၌အကျိုး ကိုပေး တော်မူပြီ။

26သနား တတ်သောသူအား ကိုယ်တော်သည်သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်းသဘောကို၎င်း၊

27သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို ၎င်း၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သော သဘောကို ၎င်း ပြတော်မူ၏။

28နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာန ထောင်လွှားသောသူတို့ ကို ကား ရှုတ်ချ ခြင်းငှါကြည့်မှတ် တော်မူ၏။

29အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် အကျွန်ုပ် ၏ မှောင်မိုက် ကို လင်း စေတော်မူ၏။

30အကျွန်ုပ်သည်ကိုယ်တော် ကို အမှီပြု၍ တပ် ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြုလျက် မြို့ရိုး ကို ကျော် ၍ဝင်ပါပြီ။

31ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏ သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။

32ထာဝရဘုရား မှတပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ်မည် သော ကျောက် ရှိသနည်း။

33ထိုဘုရား သခင်သည် ငါ ၏ခွန်အား ၊ ငါ၏တန်ခိုး ဖြစ်၍ ငါ သွားရာလမ်း ကို ဖြောင့် စေတော်မူ၏။

34ငါ့ ခြေ ကိုသမင် ခြေကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင်ထား တော်မူ၏။

35ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါသွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင် ၏။

36ကိုယ်တော်သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကိုအပ် ၍ ၊ သည်းခံ တော်မူခြင်းအားဖြင့်အကျွန်ုပ် သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။

37အကျွန်ုပ် သွားသော လမ်း ကို ရှင်းလင်း ၍ ခြေ မချော် စေခြင်းငှါပြုတော်မူသောအားဖြင့်၊

38အကျွန်ုပ်သည် ရန်သူ တို့ကို လိုက် ဖျက်၍ ၊ သူ တို့ကို မ ပယ်ရှင်း မှီ တိုင်အောင်မ ပြန် ပါ။

39သူတို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍၊ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ်နင်း ပယ်ရှင်း ပါ၏။

40အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တစ်ဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။

41အကျွန်ုပ် ကို မုန်း သော ရန်သူ တို့၏လည်ပင်း ကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။

42သူတို့သည် အော်ဟစ် ကြသောအခါ ကယ်တင် သော သူမ ရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။

43ထိုအခါ အကျွန်ုပ်သည်သူ တို့ကို မြေမှုန့် ကိုကဲ့သို့ ညက်ညက် ချေပြီးမှ၊ လမ်း ၌ အမှိုက် ကိုကဲ့သို့ နင်း ၍ ဖြန့်ကြဲ လေ၏။

44လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသား တို့၏ အကဲအမှူး ဖြစ်စေခြင်းငှါစောင့်ရှောက် တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည် အကျွန်ုပ် ထံ၌ ကျွန် ခံ ပါ၏။

45တပါးအမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ၍ အကျွန်ုပ် စကားသံကိုကြား သည် ခဏခြင်းတွင် နားထောင် ကြပါ၏။

46ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲက တုန်လှုပ် လျက် ထွက်ကြပါ၏။

47ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။

48ငါ့ ဘက် ၌ တရား သဖြင့်စီရင်၍ ၊ လူစု တို့ကို ငါ့ အောက် မှာနှိမ့်ချ သော သူကား ဘုရား သခင်ပေတည်း။

49ရန်သူ တို့လက်မှ ငါ့ ကိုကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တစ်ဘက်၌ထ သောသူတို့ အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကို မြှောက်တင် ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်မှ ကယ်လွှတ် တော်မူ၏။

50ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ နာမ တော် ကို ထောမနာသီချင်း ဆိုပါမည်။

51ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။

家庭崇拜 · 新約

갈라디아서 2

開啟正文 →
第 2 章

The Gospel to the Gentiles Affirmed by the Apostles

1ထိုနောက် တဆယ်လေး နှစ် လွန်ပြီးမှ၊ ငါသည် တိတု ကိုခေါ် ၍ ဗာနဗ နှင့်အတူ ယေရုရှလင် မြို့သို့ တစ်ဖန် သွား လေ၏။

2ဗျာဒိတ် တော်အတိုင်း ပင်သွား သည်ဖြစ်၍ ၊ တစ်ပါး အမျိုးတို့၌ ဟောပြော သော ဧဝံဂေလိ တရားကို ထိုအခါ ငါကြားပြော လေ၏။ ထိုသို့ဆိုသော်ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီး မဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှား သော သူ တို့အားသာ တိတ်ဆိတ် စွာကြားပြော၏။

3သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။

4ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။

5မှန် သောဧဝံဂေလိ တရားသည် သင် တို့၌ တည်နေ မည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏ မျှ ဝန် မ ခံကြ။

6အသရေထင်ရှား သောသူတို့သည် အထက် က အဘယ်သို့ သော ဖြစ် ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူ မျက်နှာ ကိုမှတ် တော်မ မူ။ ထိုသူ နှင့် ငါ သည် ပေါင်းဖော်၍ ထူးခြား သောအရာကိုမ ခံရ သည်သာမက၊

7အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊

8ပေတရု ၌ပြုပြင် တော်မူသောသူ သည်၊ တစ်ပါး အမျိုးသားတို့တွင် ငါ့ ကိုတမန်တော် ဖြစ်စေခြင်းငှာ ငါ၌ လည်း ပြုပြင် တော်မူသည်ဖြစ်၍၊ အရေဖျားလှီး ခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိ တရားကို ပေတရု ၌ အပ် တော်မူသည် နည်းတူ ၊ အရေဖျားလှီး ခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကို သူတို့ သည် သိမြင် ကြ၏။

9အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ ရ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။

10ငါတို့သည်ဆင်းရဲ သောသူများကို အောက်မေ့ စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှု ကို ငါသည်အလိုအလျောက်ကြိုးစား အားထုတ်လေ့ရှိ၏။

Paul Rebukes Peter at Antioch

11ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။

12အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ မ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။

13ကြွင်း သောယုဒ လူတို့သည် ပေတရု နှင့်အတူလျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက် ခြင်းအားဖြင့်ဗာနဗ သည်လည်း သူ တို့ဘက်သို့ပါ သွား၏။

14သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။

Justified by Faith

15လူ တို့သည် ပညတ် တရား၏အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ မ ရောက်၊

16ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။

17ခရစ်တော် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာငါ တို့သည် ကြိုးစား လျက်ပင်၊ အပြစ် ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော် သည် အပြစ် တရားကို ပြုစု သောသူဖြစ်သလော။

18ထိုသို့မ ဖြစ် နိုင်ရာ။ အထက်က ငါဖြိုဖျက် သော အရာ ကို နောက်တဖန် ငါတည်ဆောက် ပြန်လျှင် ၊ ကိုယ် အပြစ် ရှိသည်ကိုထင်ရှား စွာပြ၏။

19ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။

20ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ၌ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။

21ဘုရားသခင် ၏ကျေးဇူး တော်ကိုငါမ ပယ် ။ ပညတ် တရားကိုအမှီပြု ၍ ဖြောင့်မတ် ရာသို့ ရောက်နိုင် လျှင် ခရစ်တော် သည်အချည်းနှီး အသေခံ တော်မူပြီ။

個人靈修 · 舊約/詩篇

에스겔 29

開啟正文 →
第 29 章

Judgment on Pharaoh of Egypt Like a Great Monster

1သက္ကရာဇ် ဆယ် ခု၊ ဒသမ လ တဆယ် တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

2အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းတဘက် ၌မျက်နှာ ထား ၍ ၊ သူ နှင့် အဲဂုတ္တု ပြည် တပြည်လုံး တဘက် ၌ပရောဖက်ပြု လျက်၊

3အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၊ ကိုယ် မြစ် များ အလယ် ၌ နေ လျက်၊ ငါ့ မြစ် ကို ငါ ပိုင်၏။ ငါ့ အဘို့ ငါ ဖန်ဆင်း ပြီဟု ဆို တတ်သောမိကျောင်း ကြီး ၊ သင့် တဘက် ၌ ငါ နေ၏။

4သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ၍၊ သင့် မြစ် ၌နေသော ငါး တို့ကို သင့် အကြေး တို့၌ ငါကပ် စေမည်။ သင့် မြစ် များ အလယ် ထဲက သင့် ကို ငါနှုတ် ၍ ၊ မြစ် ၌ရှိသမျှ သော ငါး တို့သည် သင့် အကြေး တို့၌ ကပ် ကြလိမ့်မည်။

5သင် နှင့် သင့် မြစ် ၌ရှိသမျှ သော ငါး တို့ကိုတော ၌ ငါပစ်ထား မည်။ လွင်ပြင် ၌ကျ ၍ နောက်တဖန်စုဝေး ခြင်း ကို မ ပြုရ။ တော သားရဲ များ၊ မိုဃ်း ကောင်းကင်ငှက် များ စားစရာ ဘို့ သင့် ကိုငါအပ် ၏။

6ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို အဲဂုတ္တု ပြည်သားအပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်းမူကား ၊ သင်သည် ဣသရေလ အမျိုး ၌ ကျူ တောင်ဝေး ဖြစ် လေပြီ။

7သင့် ကိုလက် နှင့် ကိုင် သောအခါ သင်သည် အကိုင်မခံ။ သူ တို့ ပခုံး ဆစ်ကို ဖြုတ် လေ၏။ သင် နှင့် ကိုယ်ကိုထောက် သောအခါ သင်သည် ကျိုး ၍ သူ တို့ခါး ကို နာ စေ၏။

8သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင့် အပေါ်သို့ ထား ကိုဆောင် ခဲ့၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် သဖြင့် ၊

9အဲဂုတ္တု ပြည် သည် လူဆိတ်ညံ လျက်၊ ပျက်စီး လျက်ရှိ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ သင်က၊ ငါ့မြစ် ကိုငါ ပိုင်၏။ ငါ ဖန်ဆင်း ပြီ ဟု ဆို မိသောကြောင့် ၊

10သင် နှင့် သင့် မြစ် တဘက် ၌ ငါ နေ၏။ အဲဂုတ္တု ပြည် ကို မိဂဒေါလ မှစ၍ သုဏေ မြို့တိုင်အောင်၎င်း ၊ အဲသယောပိ ပြည်စွန်း တိုင်အောင် ၎င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံ စေမည်။

11အနှစ် လေးဆယ် ပတ်လုံးလူ ရှောက် ၍မ သွားရ။ တိရစ္ဆာန် လည်း ရှောက် ၍မ သွားရ။ အဘယ်သူမျှမ နေ ရ။

12ပျက်စီး သောပြည် တို့တွင် အဲဂုတ္တု ပြည် ကို ငါဖျက်ဆီး မည်။ လူဆိတ်ညံ သောမြို့ တို့တွင် အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု မြို့ တို့သည် ပျက်စီး လျက်ရှိ ကြလိမ့်မည်။ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့သို့ ငါကွဲပြား ပြန့်လွင့် စေမည်။

13သို့ရာတွင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အနှစ် လေးဆယ် စေ့ သောအခါ၊ ကွဲပြား လျက် နေရသော လူမျိုး တို့မှ အဲဂုတ္တု လူတို့ကို ငါခေါ်၍ စုဝေး စေမည်။

14သိမ်း သွားခြင်းတို့မရသော အဲဂုတ္တု လူတို့ကို ငါတဖန် ဆောင်ခဲ့၍ သူ တို့နေရင်း ပြည် ၊ ပါသရု ပြည် သို့ ပြန် စေမည်။ ထို ပြည်၌ ယုတ် သောနိုင်ငံ ဖြစ် ရလိမ့်မည်။

15တပါး သော လူမျိုးတို့ကို နောက် တဖန်အစိုး မ ရ။ နိုင်ငံ တကာတို့တွင် အယုတ်ဆုံး ဖြစ် ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုး မ ရစေခြင်းငှါငါရှုတ်ချ မည်။

16ဣသရေလ အမျိုးသား တို့သည် ထိုပြည်သားတို့ကို မြော်လင့်၍၊ မိမိတို့အပြစ် ကို ငါအောက်မေ့ စေသဖြင့်၊ နောက် တဖန် ထိုပြည်သည် သူတို့ ခိုလှုံ ရာမ ဖြစ် ရာ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

The Land of Egypt Given to Nebuchadnezzar

17သက္ကရာဇ် နှစ်ဆယ် ခုနစ် ခု၊ ပဌမ လ တရက် နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

18အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ သူ ၏စစ်သူရဲ တို့ကို တုရု မြို့တဘက် ၌ များစွာ သော အမှု ကိုဆောင်ရွက် စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံး ပြီ။ ပခုံး လည်းပွန်း ပြီ။ သို့ရာတွင် ၊ ရှင်ဘုရင် နှင့် စစ်သူရဲ တို့သည် တုရု မြို့တဘက်၌ အမှု ဆောင်ရွက်ခ ကို ထိုမြို့တွင် မ ခံရ ကြ။

19သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အဲဂုတ္တု ပြည် ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အား ငါ ပေး မည်။ ထိုမင်းသည် ပြည်သားအလုံးအရင်း ကို၎င်း၊ လက်ရ ဥစ္စာအမျိုးမျိုးကို၎င်း သိမ်းယူ ပြီးလျှင် ၊ မိမိ စစ်သူရဲ တို့ အခ ဘို့ ဝေငှ လိမ့်မည်။

20ငါ့ အမှုကို ဆောင်ရွက် သောကြောင့် ၊ တုရု မြို့ တဘက် ၌ အမှု ဆောင်ရွက်ခ ဘို့ အဲဂုတ္တု ပြည် ကို ငါပေး ပြီ။

21ထို ကာလ ၌ ဣသရေလ အမျိုး ၏ ချို ကိုငါပေါက် စေ၍ ၊ သူ တို့အထဲ မှာ သင်ဟောပြော ရသော အခွင့်ကို ငါပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

個人靈修 · 新約

시편 78:1-37

開啟正文 →
第 78 章

God's Deeds Handed Down to the Generations

1ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။

2ပုံ စကားကို ငါ မြွက် ဆို၍၊ ရှေး ကာလ၏ နက်နဲ သော အရာများကို ဘော်ပြ ပေအံ့။

3ဘိုးဘေး တို့သည် ပြော ၍ ငါ တို့သည် ကြား သိ ရ သော ထို အရာများကို၊

4သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။

5အကြောင်း မူကား၊ ယာကုပ် အမျိုး၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလ အမျိုး၌ ပညတ် တရားကို ထား တော်မူ၏။

6သဘော မ ဖြောင့်၊ ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမ ဆည်းကပ် သောအမျိုး၊

7ငြင်းဆန် ၍ ပုန်ကန် တတ်သောအမျိုး တည်းဟူသော ဘိုးဘေး တို့ကဲ့သို့ သားမြေး တို့သည်မ ဖြစ် ၊ ဘုရားသခင် ၏အမှု တော်တို့ကိုမ မေ့။

8ဘုရားသခင် ကို ယုံကြည်ကိုးစား ၍၊ ပညတ်တော် တို့ကိုစောင့် စေခြင်းငှာ ထိုတရားတို့ကို ဘိုးဘေး တို့သည်သား တို့အား ပြသ ၍ ဖြစ် လတံ့သောအမျိုး တည်းဟူသော၊ ဘွားမြင် လတံ့ သောသား တို့သည်သိနားလည် ၍၊ နောက်တဖန်မြေးမြစ် တို့အား ပြသ ကြမည်အကြောင်း ပညတ် ထားတော်မူပြီ။

9ဧဖရိမ် အမျိုးသား တို့သည် လေး လက်နက် ကို စွဲကိုင် သော်လည်း၊ စစ်တိုက် သောအခါ နောက်သို့ လှည့် ကြပါသည်တကား။

10ဘုရား သခင်၏ သစ္စာ တော်ကို မ စောင့်။ တရား တော်လမ်း၌ သွား ခြင်းငှါ အလို မရှိကြ။

11အမှုတော် တို့ကို၎င်း ၊ ပြ တော်မူသောအံ့ဩ ဘွယ် တို့ကို၎င်း မေ့လျော့ ကြ၏။

12အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။

13ပင်လယ် ကိုခွဲ ၍ သူ တို့ကိုရှောက်သွား စေတော်မူ ၏။ ရေ များကို စုပုံ ၍ ထား တော်မူ၏။

14နေ့ အချိန်၌ကား၊ မိုဃ်းတိမ် ဖြင့် ၎င်း ၊ ညဉ့်အချိန်၌ကားတညဉ့်လုံး မီး အလင်း ဖြင့် ၎င်း သူ တို့ကို လမ်းပြ တော်မူ၏။

15တော ၌ ကျောက် တို့ကိုဖေါက် ၍ ၊ ပင်လယ် ရေ ကဲ့သို့ များစွာ သော ရေကို သူတို့အား တိုက် တော်မူ၏။

16ကျောက် ထဲက စီး သော ရေကိုထွက် စေ၍ ၊ မြစ် ရေ ကဲ့သို့ ရေများကို စီး စေတော်မူ၏။

17ထိုသူတို့မူကား ၊ အမြင့်ဆုံး သော ဘုရားကို တော ၌ ပုန်ကန် သောအားဖြင့် တိုး ၍ ပြစ်မှား ကြ၏။

18မိမိ တို့အလို အလျောက်အစာ ကို တောင်း ၍ စိတ် နှလုံး ထဲမှာ ဘုရား သခင်ကို စုံစမ်း ကြ၏။

19ဘုရား သခင်သည် တော ၌ စားပွဲ ကို ပြင်ဆင် နိုင် သလော။

20ကြည့် ကြလော့။ ကျောက် ကို ရိုက် တော်မူသဖြင့် ၊ ရေ ထွက်၍ မြစ် ရေကဲ့သို့စီး လေ၏။ မုန့် ကိုလည်း ပေး နိုင် သလော။ မိမိ လူ တို့အဘို့ အမဲ သားကိုပြင်ဆင် နိုင်သလောဟု ဘုရား သခင်ကို ဆန့်ကျင် ဘက်ပြုလျက် ပြော ဆိုကြ၏။

21ထိုစကားကို ထာဝရဘုရား သည် ကြား ၍ အမျက်ထွက် တော်မူ၏။ ယာကုပ် အမျိုး၌ မီး လောင် ၍ ၊ ဣသရေလ အမျိုး၌ ဒေါသ မီးတက် လေ၏။

22အကြောင်း မူကား၊ အထက် မိုဃ်းတိမ် တို့ကို မှာ ထားလျက်၊

23ကောင်းကင် တံခါး တို့ကို ဖွင့် ၍ ၊ သူ တို့ စား စရာ ဘို့ မန္န ကို မိုဃ်း ရွာစေသဖြင့်၊

24ကောင်းကင် ဆန် စပါးကိုပေး တော်မူသည်ဖြစ်၍ ၊ ထိုသူ အပေါင်းတို့သည် ကြီးမြတ် သောသူတို့ ၏ အစာ ကိုသုံး ဆောင်၍၊

25ဝ ပြောစွာ စားကြမည် အကြောင်း ပြု တော်မူသော်လည်း၊ သူတို့သည် ဘုရား သခင်ကို မ ယုံကြည်။ ကယ်တင် တော်မူခြင်း ကျေးဇူးကို မ ကိုးစား ဘဲ နေကြ၏။

26မိုဃ်းကောင်းကင် ၌ အရှေ့ လေကို ပယ် ၍ ၊ အားကြီး သောတောင် လေကို ဆောင် ခဲ့သဖြင့်၊

27သူ တို့အပေါ် သို့ အမဲသား ကို မြေမှုန့် နှင့်အမျှ ပျံ တက်သောငှက် တို့ကို သမုဒ္ဒရာ သဲလုံး နှင့်အမျှ ၊ မိုဃ်းရွာ စေလျက်၊

28သူ တို့တပ် ချ၍ ၊ နေရာ အရပ်ပတ်လည် ၌ ကျ စေ တော်မူ၏။

29ထိုသို့ သူ တို့ အလို ရှိသည်အတိုင်း ပေး တော်မူသဖြင့် ၊ သူတို့သည် ဝ ပြောစွာ စား ရကြ၏။

30သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊

31ဘုရား သခင်၏အမျက် တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာ သောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျို တို့ကို လှဲချ တော်မူ၏။

32ထို အမှုအလုံးစုံ တို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ် သော အမှုတော်တို့ကြောင့် ယုံကြည် ခြင်းမ ရှိ။ ပြစ်မှား လျက် နေကြသေး ၏။

33ထိုကြောင့် သူ တို့ နေ့ရက် ကာလကို အချည်းနှီး လွန် စေ၍ ၊ သူ တို့နှစ် များကို ဘေး ဥပဒ်တွင် မြှုပ်တော်မူ ၏။

34သူ တို့ကို ကွပ်မျက် တော်မူသောအခါ ကိုယ်တော် ကို ရှာ ကြ၏။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာ ကြ၏။

35ဘုရား သခင်သည် သူ တို့၏ကျောက် ၊ အမြင့်ဆုံး သော ဘုရား သည် သူ တို့ကို ကယ်တင် သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိ ရကြ၏။

36သို့သော်လည်း ၊ ကိုယ်တော် ကိုနှုတ် ဖြင့် ချော့မော့ ၍ ၊ လျှာ ဖြင့် လည်း မုသာ စကားကို လျှောက်ဆိုကြ၏။

37သူ တို့စိတ် သဘောမူကား ၊ ရှေ့တော်၌ မ ဖြောင့် ၊ သစ္စာ တော်ကို မ စောင့် ဘဲနေကြ၏။