麥克謙聖經旅程

麥克謙一年通讀

每天 4 段經文,一年讀完舊約 1 次、新約與詩篇 2 次。

365 一年固定通讀表
4 每天 4 段經文
273 選取的日次
‹ 第 273 天 / 共 365 天 ›
譯本

讀經確認

你完成了這一天的麥琴讀經嗎?

點選確認後,會在我的頁面麥琴進度表中記錄為已完成。

家庭崇拜 · 舊約

열왕기상 2

開啟正文 →
第 2 章

David's Last Charge to Solomon

1ဒါဝိဒ် သည်အနိစ္စ ရောက်ရသောအချိန် နီး သောအခါ ၊ သား တော်ရှောလမုန် ကို ပညတ် ထားတော်မူသည် ကား၊

2မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။

3ထာဝရဘုရား သည် ငါ့အားဗျာဒိတ် ပေးတော်မူ သည်ကား၊

4သင် ၏သား မြေးတို့သည် စိတ် နှလုံး အကြွင်းမဲ့ ငါ့ ရှေ့ မှာ သမ္မာတရား၌ ကျင်လည် ခြင်းငှါ မိမိ တို့သွားရာ လမ်း ကို သတိပြု လျှင် ၊ ဣသရေလ နိုင်ငံရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု မိန့် တော်မူ သော စကား တော်တည် ၍ ၊ သင်သည်ပြု လေရာရာ ၊ သွား လေရာရာ ၌ အောင်မြင် မည်အကြောင်း သင် ၏ ဘုရား သခင်ထာဝရဘုရား၏ လမ်း တော်သို့ လိုက် ၍၊ မောရှေ ၏ပညတ္တိ ကျမ်း၌ ပါသောစီရင် ထုံးဖွဲ့ချက်၊ သက်သေခံ ချက်၊ ပညတ် တရား တော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသောစကားကို နားထောင် လော့။

5ဇေရုယာ သား ယွာဘ သည် ငါ ၌ ပြု သောအမှု ၊ ဣသရေလ ဗိုလ်ချုပ် နှစ် ပါးနေရ ၏သား အာဗနာ ၊ ယေသာ ၏ သား အာမသ ၌ ပြု သောအမှု တည်းဟူသောသူ တို့ ကိုသတ် ၍ စစ် မတိုက်ဘဲ စစ် အသွေး ကို သွန်းလောင်း သဖြင့် ၊ မိမိ ဝတ်သောခါးစည်း ၊ မိမိ နင်း သော ခြေနင်း တို့ကို စစ် အသွေး နှင့် လူး သောအမှုကို သင် သိ သည်ဖြစ်၍၊

6သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။

7ဂိလဒ် ပြည်သားဗာဇိလဲ ၏သား တို့ကို ကား ကျေးဇူး ပြု၍ စားပွဲ တော်၌ စား သောလူစုထဲသို့ ဝင် စေလော့။ သင့် အစ်ကို အဗရှလုံ ကြောင့် ငါ ပြေး ရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ ထံသို့ လာ ကြ၏။

8ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ၌ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ၊ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ ၊ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း၊

9ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊

10ဒါဝိဒ် သည်ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ တော်မူ၏။

11ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံးဆယ် သုံး နှစ် မင်းပြု ၍ ဣသရေလ နိုင်ငံကို အနှစ် လေးဆယ် စိုးစံ တော်မူ၏။

12ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ ၊ အာဏာ တော်သည် အမြဲ တည် ၏။

Adonijah Seeks Abishag and Is Put to Death

13ထိုနောက်ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှောလမုန် ၏ မယ်တော် ဗာသရှေဘ ထံသို့ သွား ၍ ၊ ဗာသရှေဘက သင် သည်မိတ်ဆွေ ဖွဲ့လျက် လာ သလော ဟုမေး လျှင် ၊ မိတ်ဆွေ ဖွဲ့လျက် လာပါ၏။

14ပြော စရာတစုံတခုရှိပါသည်ဟု ဆို သော် ၊ မယ်တော်က ပြော ပါဟု ပြန်ဆို ၏။

15အဒေါနိယကလည်း၊ နိုင်ငံ တော်သည် ကျွန်ုပ် လက်သို့ ရောက် သည်ကို၎င်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျွန်ုပ် ကို ရှင် ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်း ကို၎င်းမယ်တော် သိ ပါ၏။ သို့သော်လည်း နိုင်ငံ တော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီ တော်လက် သို့ ရောက် ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။

16ယခု မှာ တစုံတခု သောဆု ကို မယ်တော် ၌ တောင်း ချင်ပါ၏။ မ ငြင်း ပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြော ပါဟုဆို ၏။

17သူကလည်းရှောလမုန် မင်းကြီး သည် ရှုနင် မြို့သူအဘိရှက် ကို ကျွန်ုပ် အား ပေးစား တော်မူမည်အကြောင်း လျှောက် ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်း တော် မ မူနိုင်ဟု ဆို လေသော်၊

18ဗာသရှေဘ ကကောင်း ပြီ။ သင့် အဘို့ နားတော် လျှောက် မည်ဟု ဆို ပြီးမှ ၊ အဒေါနိယ အဘို့ နားတော် လျှောက် အံ့သောငှါ ရှောလမုန် မင်းကြီး ထံ တော်သို့သွား ၏။

19ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှါ ထ ၍ ဦးချ ပြီးမှ ၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ ၏။ မယ်တော် ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက် မှာ ထိုင်လေ၏။

20ထိုအခါ မယ်တော်က၊ ငယ် သောဆု တစုံတခု ကို တောင်း ချင်သည်ဖြစ်၍မ ငြင်း ပါနှင့်ဟု လျှောက် လျှင်၊ ရှင်ဘုရင် ကမိခင် ၊ တောင်း ပါ၊ ကျွန်ုပ်မ ငြင်း ပါဟု မိန့် တော်မူ ၏။

21မယ်တော်ကလည်း ၊ ရှုနင် မြို့သူအဘိရှက် ကို နောင်တော် အဒေါနိယ အား ပေးစား တော်မူပါဟု တောင်း လေသော်၊

22ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ၊

23တဖန် အဒေါနိယ သည် ထိုသို့ တောင်း သော်၊ မိမိ အသက် သေစေခြင်းငှါမတောင်းမိလျှင်၊ ဘုရား သခင်သည် ငါ့ အား ထိုမျှမက ပြု တော်မူစေသတည်း။

24ငါ့ ကိုမြဲမြံ စေသဖြင့် ၊ ငါ့ ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်ပေါ် မှာ တင်၍ဂတိတော်နှင့်အညီငါ့ နေရာနန်းတော် ကိုပေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယ သည် ယနေ့ အသေခံ ရမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ပြီးမှ၊

25ယောယဒ သား ဗေနာယ ကိုစေလွှတ် ၍ ၊ အဒေါနိယ ကို သေ အောင်လုပ်ကြံ လေ၏။

Abiathar Banished and Joab Executed

26ယဇ်ပုရောဟိတ် အဗျာသာ ကို လည်း ရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ် မြို့၊ သင် ပိုင်သော မြေ သို့ သွား လော့။ သင်သည် အသေခံ ထိုက်သော်လည်း ယခု ငါမ စီရင်။ အကြောင်း မူကား၊ ထာဝရ အရှင် ဘုရား သခင်၏သေတ္တာ တော်ကို ငါ့ ခမည်းတော် ဒါဝိဒ် ရှေ့ မှာ ထမ်း လေပြီ။ ငါ့ ခမည်းတော် ဆင်းရဲ ခံလေရာရာ ၌ သင်သည် ဆင်းရဲ ခံလေပြီဟု မိန့် တော်မူ၏။

27ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ၊ ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် မ ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။

28ယွာဘ မူကား ၊ အဗရှလုံ နောက် သို့မ လိုက်သော်လည်း ၊ အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ၊ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။

29ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ၊ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။

30ဗေနာယ သည် ထာဝရဘုရား ၏ တဲ တော်သို့ သွား ၍ ၊ ရှင်ဘုရင် ခေါ်တော်မူသည်ဟုဆို လျှင် ၊ ယွာဘက ငါမ သွား၊ ဤ အရပ်မှာ အသေခံ မည်ဟုဆို ၏။ ဗေနာယ ကလည်း၊ ယွာဘ သည်ဤသို့ ပြန် ပြောပါ၏ဟု နားတော် လျှောက် လေသော်၊

31ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။

32သူသည် မိမိ ထက် သာ၍ဖြောင့်မတ် ကောင်းမြတ် သောသူ၊ ဣသရေလ ဗိုလ်ချုပ် နေရ ၏သား အာဗနာ နှင့် ယုဒ ဗိုလ်ချုပ် ယေသာ ၏သား အာမသ ကို ငါ့ ခမည်းတော် ဒါဝိဒ် မ သိ ဘဲ တိုက် ၍ ထား နှင့် သတ် သော အပြစ် ကို ထာဝရဘုရား သည် သူ ၏ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူမည်။

33ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း ၊ သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း၊

34ယောယဒ သား ဗေနာယ သည် သွား ပြီးလျှင် ၊ ယွာဘ ကို တိုက် သတ် ၍ တော အရပ်၊ ယွာဘ နေရာအိမ် ၌ သင်္ဂြိုဟ် လေ၏။

35ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒ သား ဗေနာယ ကို၎င်း ၊ အဗျာသာ အရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ် ကို၎င်းရှင်ဘုရင် ခန့်ထား တော်မူ၏။

The End of Shimei Who Broke His Oath

36တဖန် ရှင် ဘုရင်သည် ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် ယေရုရှလင် မြို့ထဲမှာ အိမ် ကို ဆောက် ၍ နေ ရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ် အရပ်ကို မျှမ သွား နှင့်။

37မြို့ပြင်သို့ထွက်၍ ကေဒြုန် ချောင်း ကို ကူး လျှင် ၊ ကူး သောနေ့ ၌ အသေ သတ်ခြင်းကို အမှန် ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့် အသွေး သည် သင့် ခေါင်း ပေါ် မှာ သက်ရောက် စေဟု မိန့် တော်မူသော်၊

38ရှိမိ က၊ အမိန့် တော်ကောင်း ပါ၏။ အရှင် မင်းကြီး မိန့် တော်မူသည်အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင် မြို့၌ ကြာမြင့် စွာနေ လေ၏။

39သို့ရာတွင် သုံး နှစ် လွန် သောအခါ ၊ ရှိမိ ၏ ကျွန် နှစ် ယောက်တို့သည် ဂါသ မင်းကြီး မာခါ သား အာခိတ် ထံသို့ ပြေး ၍ ဂါသ မြို့၌ ရှိကြောင်းကို ရှိမိ သည်ကြား လေသော်

40ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ ကျွန် တို့ကို ရှာ အံ့သောငှါ ဂါသ မြို့၊ အာခိတ် ထံသို့ သွား ၍ ကျွန် တို့ကို ခေါ် လေ၏။

41ထိုသို့ ရှိမိ သည် ယေရုရှလင် မြို့မှ ဂါသ မြို့သို့ သွား ၍ ပြန်လာ ကြောင်း ကို ရှောလမုန် မင်းကြီးကြား လေသော်၊

42ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြား တပါးသော အရပ်သို့သွားလျှင် ၊ သွား သောနေ့ ၌ အသေ သတ်ခြင်းအမှန် ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရား ကို တိုင်တည်လျက် သင့် ကို ငါကျိန်ဆို စေ၍ သတိ ပေးသည်မ ဟုတ်လော။ သင်ကလည်း ကျွန်တော်ကြား ရသောအမိန့် တော်ကောင်း ပါသည်ဟု ဝန်ခံသည် မဟုတ်လော။

43သို့ဖြစ်၍ ထာဝရဘုရား ၏သစ္စာ တော်ကို၎င်း ၊ ငါမှာ ထားသော ပညတ် ကို၎င်း၊ အဘယ်ကြောင့် မ စောင့် သနည်းဟု မိန့်တော်မူပြီးမှ၊

44တဖန် သင် သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ ခမည်းတော် ဒါဝိဒ် ၌ ပြု ဘူးသော ဒုစရိုက် ရှိသမျှ ကို သင် သိ ၏။ သင် ၏ဒုစရိုက် အပြစ်ကို ထာဝရဘုရား သည် သင့် ခေါင်း ပေါ် သို့ ရောက် စေတော်မူ၏။

45ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊

46ယောယဒ သား ဗေနာယ သည် အမိန့် တော်ကိုခံ ၍ ပြင်သို့ထွက် ပြီးလျှင် ရှိမိ ကို သေ အောင်လုပ်ကြံ လေ၏။ ထိုသို့ နိုင်ငံ တော်သည် ရှောလမုန် လက် ၌ တည် ၏။

家庭崇拜 · 新約

갈라디아서 6

開啟正文 →
第 6 章

Bear One Another's Burdens and Do Good

1ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။

2ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။

3အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။

4လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ၌ မ ဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။

5အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။

6နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။

7အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။

8မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။

9ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။

10ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။

Boasting Only in the Cross of Christ

11အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။

12မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။

13အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။

14ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

15အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။

16ဤ နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။

17ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် ၌ သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။

18ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်။

個人靈修 · 舊約/詩篇

에스겔 33

開啟正文 →
第 33 章

The Duty and Calling of the Watchman

1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

2အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့ အား ဟောပြော ၍ ဆင့်ဆို ရမည်မှာ၊ ငါသည် တစုံတခုသောပြည် သို့ ထား ဘေးရောက် စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက် ကို ယူ ၍ ကင်းစောင့် ထား ပြီးမှ ၊

3ထိုသူသည် ထား ဘေးရောက် သည်ကို မြင် လျက် တံပိုး မှုတ် ၍ သတိပေး သော်လည်း ၊

4တစုံတယောက်သောသူသည် တံပိုး မှုတ်သံ ကို ကြား လျက်နှင့် အမှု မ ထား၊ ထား ဘေးရောက် ၍ သူ၏ အသက် ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရ မည်။

5တံပိုး မှုတ်သံ ကိုကြား ၍ အမှု မ ထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရ မည်။ အမှု ထားသောသူမူကား၊ ကိုယ် အသက် ကို ကယ်တင် လိမ့်မည်။

6သို့မဟုတ် ကင်းစောင့် ထားသောသူသည် ထား ဘေး ရောက် ကြောင်းကိုမြင် လျက် တံပိုး မ မှုတ် ၊ ပြည်သား တို့ အား သတိ မ ပေးသောကြောင့် ထား ဘေးရောက် ၍ တစုံတယောက်သောသူ အသက် ဆုံး လျှင်၊ ထိုသူသည် မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သူ ၏အသက် ကို ကင်းစောင့် သောသူ၌ ငါတောင်း မည်။

7ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။

8ငါ သည် လူဆိုး အား ၊ အိုလူဆိုး ၊ အကယ်စင်စစ်သင်သည် အသေ ခံရမည်ဟုဆို သောအခါ ဆိုး သောသူကို သူ ၏လမ်း မှ လွှဲစေခြင်းငှါသင်သည် သတိ မ ပေးလျှင် ၊ ထို လူဆိုး သည် မိမိ အပြစ် ကြောင့် အသက် ဆုံးလိမ့်မည်။ သို့ရာတွင် ၊ သူ ၏အသက် ကိုသင် ၌ ငါတောင်း မည်။

9သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။

The Justice That Judges Each According to His Ways

10သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့အား ဟောပြော ရမည်မှာ၊ ငါ တို့သည် ကိုယ်ပြုမိသော ဒုစရိုက် အပြစ် ကိုခံရသဖြင့် အားလျော့ သည်ဖြစ်၍ ၊ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်းဟု သင်တို့ဆို ကြသော်၊

11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ ဆိုး သောသူသည် အသေခံ ခြင်းအမှုကို ငါနှစ်သက် သည်မ ဟုတ်။ ဆိုး သောသူသည် မိမိ ဆိုးသော လမ်း မှ လွှဲ ၍ အသက်ရှင် ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့လိုက် သောလမ်း ဆိုး မှ လွှဲ ကြလော့။ လွှဲ ကြလော့။ အဘယ်ကြောင့် အသေခံ လိုကြသနည်း။

12သို့ဖြစ်၍ ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့အား ဟောပြော ရမည်မှာ၊ ဖြောင့်မတ် သောသူသည် ဖေါက်ပြန် လျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုသည် သူ့ ကို ကယ်တင် ရမည်မ ဟုတ်။ ဆိုး သောသူသည် ဆိုး သောအမှုကိုရှောင် လျှင်၊ အရင်ဆိုး သောအမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်ရမည်မ ဟုတ်။ ဖြောင့်မတ် သောသူသည် ပြစ်မှား သောနေ့ ၌ အသက်ရှင် ရသောအခွင့် မ ရှိရ။

13ဖြောင့်မတ် သောသူသည် စင်စစ်အသက်ရှင် ရ လိမ့်မည်ဟု ငါ ဆို သော်လည်း ၊ သူ သည် မိမိ ဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက် ကိုပြု မိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခု ကိုမျှ မအောက်မေ့ ရ။ ပြု မိသော ဒုစရိုက် ကြောင့် အသေ ခံရလိမ့်မည်။

14တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊

15ပေါင် ထားသောဥစ္စာကို မ သိုထား၊ လုယူ သော ဥစ္စာကို ပြန် ပေးလျက်၊ အဓမ္မ အမှုကို မ ပြု ဘဲအသက်ရှင် ရာပညတ် တရားလမ်းသို့လိုက် လျှင်၊ အသေ မ ခံရဘဲ စင်စစ်အသက်ရှင် ရလိမ့်မည်။

16ပြု မိသော ဒုစရိုက် အပြစ်တစုံတခု ကိုမျှ သူ ၌ မတင် ။ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု သောကြောင့်စင်စစ်အသက်ရှင် ရလိမ့်မည်။

17သို့သော်လည်း ၊ သင် ၏အမျိုးသား ချင်းတို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်ဖြစ်၍ ၊ သူ တို့စီရင်ချက် မ ဖြောင့် ပါတကား။

18ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်းကို စွန့် ၍ ဒုစရိုက် ကိုပြု မိလျှင် ၊ ထိုဒုစရိုက် အပြစ်ကြောင့် အသေ ခံရလိမ့်မည်။

19ဆိုး သောသူမူကား၊ မိမိ ဒုစရိုက် ကိုရှောင် ၍ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု မိလျှင်၊ ထိုအမှု ကြောင့် အသက်ရှင် ရလိမ့်မည်။

20သို့သော်လည်း ၊ သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့အသီးသီး ပြု ကြသည်အတိုင်း ငါစီရင် မည်ဟုမိန့်တော်မူ၏။

News of Jerusalem's Fall and the People's Hypocrisy

21သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။

22ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။

23ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

24အချင်းလူသား ၊ ပျက်စီး သော ဣသရေလ ပြည် ၌ နေ သေးသောသူတို့ က၊ အာဗြဟံ သည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည် ကို အမွေ ခံရ၏။ ငါ တို့မူကား အများ ဖြစ်ကြ၏။ ငါ တို့အမွေခံ စရာဘို့ ပေး တော်မူပြီဟု ဆို ကြသော်၊

25သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။

26ထား ကို ခိုလှုံ လျက်၊ စက်ဆုပ် ဘွယ်သော အမှုကို ပြု လျက် ၊ အိမ်နီးချင်း မယား ကို ပြစ်မှား လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။

27တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။

28တပြည်လုံး ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေကုန် ၍၊ အဘယ်သူ မျှမရှောက် မသွားရအောင်၊ ဣသရေလ တောင် တို့သည် လူဆိတ်ညံ လျက် ရှိရကြလိမ့်မည်။

29ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။

30ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့က၊ ငါတို့သွား ကြကုန်အံ့။ ထာဝရဘုရား သည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူသည်ကို ကြား ကြကုန်အံ့ဟု၊ ထရံ နား ၊ အိမ် တံခါး နားမှာ သင့် ကိုရည်မှတ် ၍ တယောက် ကိုတယောက်ပြော တတ်ကြ၏။

31ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။

32သင် ၏စကား သည်၊ ကောင်းမွန် စွာတီး ၍ သာယာ သောအသံ နှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်း ကဲ့သို့ သူ တို့၌ ဖြစ်၍ ၊ သူတို့သည် ကြား ရ သော်လည်း နား မ ထောင်တတ်ကြ။

33သို့ရာတွင် ၊ အမှုရောက် လိမ့်မည်။ အမှုရောက် သောအခါ သူ တို့တွင် ပရောဖက် ရှိ ဘူးသည်ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

個人靈修 · 新約

시편 81, 82

開啟正文 →
第 81 章

A Voice Urging Obedience at the Feast

1ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။

2တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။

3လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။

4ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။

5နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။

6ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။

7သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။

8ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။

9သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။

10ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။

11ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။

12ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။

13ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။

14လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။

15ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။

16အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။

第 82 章

A Rebuke Against Unjust Judges

1ဘုရား သခင်သည် ဘုရားတို့၏ ပရိသတ် ၌ ရပ် လျက် နေတော်မူ၍၊ ဘုရား တို့ အလယ် ၌ စီရင် တော်မူ၏။

2သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် ၍ ၊ အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။

3ဆင်းရဲ သော သူနှင့် မိဘ မရှိသောသူတို့ကို စောင့် မကြလော့။ ငြိုငြင် သောသူနှင့် ငတ်မွတ် သောသူတို့ ဘက်၌ တရား စီရင်ကြလော့။

4ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ ကို မတရား သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။

5သူတို့သည် မ သိ ၊ နား မ လည်ကြ။ မှောင်မိုက် ၌ ကျင်လည် ကြ၏။ မြေကြီး တိုက်မြစ် အပေါင်း တို့သည် လှုပ်ရှား လျက်ရှိကြ၏။

6သင် တို့သည် ဘုရား ဖြစ်ကြ၏။ ရှိသမျှ တို့သည် အမြင့်ဆုံး သော ဘုရား၏သား ဖြစ်ကြ၏ဟုငါ ဆို သတည်း။

7သို့ သော်လည်း၊ သင်တို့သည် လူ ကဲ့သို့ သေ ၍ ၊ အခြား သော မင်း ကဲ့သို့ ဆုံးရှုံး ခြင်းသို့ရောက်ကြလိမ့်မည်။

8အိုဘုရား သခင်၊ ထ ၍မြေကြီး ကို တရားစီရင် တော်မူပါ။ ကိုယ်တော် သည် လူမျိုး အပေါင်း တို့ကို အပိုင် ရတော်မူ၏။