麥克謙聖經旅程

麥克謙一年通讀

每天 4 段經文,一年讀完舊約 1 次、新約與詩篇 2 次。

365 一年固定通讀表
4 每天 4 段經文
365 選取的日次
‹ 第 365 天 / 共 365 天 ›
譯本

讀經確認

你完成了這一天的麥琴讀經嗎?

點選確認後,會在我的頁面麥琴進度表中記錄為已完成。

家庭崇拜 · 舊約

역대하 36

開啟正文 →
第 36 章

The Reigns of Jehoahaz and Jehoiakim

1ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ၊ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။

2ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။

3ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ၊ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။

4အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ၊ ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။

5ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။

6ထိုကြောင့် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ ၊ သံကြိုး ဖြင့် ချည်နှောင် လေ၏။

7ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ၊ ဗာဗုလုန် မြို့ ဗိမာန် ၌ ထား လေ၏။

8ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

The Reigns of Jehoiachin and Zedekiah

9ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။

10နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။

11ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။

12ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ ။

13ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။

14ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။

15ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊

16ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊

The Fall of Jerusalem and the Babylonian Exile

17ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။

18ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ၊ ဗိမာန် တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွား၏။

19ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။

20ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ ၊ သူတို့သည် ပေရသိ နိုင်ငံ မ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။

21ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။

The Decree of Cyrus for the Return

22ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍

23ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။

家庭崇拜 · 新約

요한계시록 22

開啟正文 →
第 22 章

The River of the Water of Life and the Tree of Life

1တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။

2မြို့ လမ်းမ အလယ် ၌ ၎င်း၊ ထိုမြစ် နှစ်ဘက်၌၎င်း၊ အသက် ပင် ရှိ၏။ ထိုအသက်ပင်သည် အသီး တဆယ့်နှစ် မျိုးကို သီး တတ်၏။ မိမိအသီး ကိုလည်း လ တိုင်းပေး တတ်၏။ အရွက် သည်လည်း လူ အမျိုးမျိုးတို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။

3နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား ဝတ်ကို ပြုကြ လိမ့်မည်။

4မျက်နှာ တော်ကိုမြင် ရ၍ သူ တို့နဖူး ၌ လည်း နာမ တော်ရေးထား လျက်ရှိလိမ့်မည်။

5ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။

The Promise of Coming Soon and the Warning

6ကောင်းကင်တမန်ကလည်း ၊ ဤ စကား သည် သစ္စာ စကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ် ကို အစိုးရသော ထာဝရ အရှင်ဘုရားသခင် သည်၊ ကာလ မကြာမမြင့်မှီဖြစ် ရ မည် အမှုအရာ များကို မိမိ ကျွန် တို့အား ပြ စေခြင်းငှာ၊ ကောင်းကင် တမန်တော်ကို စေလွှတ် တော်မူပြီ။

7ငါသည်အလျင်အမြန် လာ မည်။ ဤ စာစောင် ၏ အနာဂတ္တိ စကား ကိုစောင့်ရှောက် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆို ၏။

8ငါ ယောဟန် သည် ဤအရာ များကို ကြား မြင် ၏။ ကြား မြင် ပြီးလျှင် ၊ ထို အရာများကို ပြ သော ကောင်းကင် တမန်၏ ခြေ ရင်း၌ ကိုးကွယ် အံ့သောငှာပြပ်ဝပ် ၏။

9သူကလည်း ၊ မ ပြုပါနှင့်။ ငါကား၊ သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ သင် ၏ အစ်ကို ပရောဖက် တို့နှင့် ဤ စာစောင် ၏ စကား ကို စောင့်ရှောက် သော သူ တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင် ကိုကိုးကွယ် လော့ဟုပြောဆို ၏။

10တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ အချိန် ရောက် လုနီးပြီ။

11မတရား သောသူ သည် မတရား သဖြင့် ပြုစေ ဦး။ ညစ်ညူး သောသူ သည် ညစ်ညူး စေဦး။ ဖြောင့်မတ် သောသူ သည်ဖြောင့်မတ် စေဦး။ သန့်ရှင်း သောသူ သည် သန့်ရှင်း စေဦး ။

12ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး တို့အား မိမိ တို့အကျင့် အတိုင်း ဆပ်ပေး မည်။

13ငါ သည် အာလဖ ဖြစ်၏ ဩမေဃ လည်း ဖြစ်၏။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ်၏။ အစ နှင့် အဆုံး လည်း ဖြစ်၏။

14အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။

15ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။

The Final Testimony and the Plea for the Lord

16ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။

17ဝိညာဉ် တော်နှင့် မင်္ဂလာဆောင်သတို့သမီး က လာ ခဲ့ပါဟု ဆို ကြ၏။ ကြား သောသူ ကလည်း ၊ လာ ခဲ့ပါ ဟုဆို ပါစေ ၊ ရေငတ် သောသူ သည် လာ ပါစေ။ အလိုရှိ သော သူ သည် အဘိုး ကိုမပေးဘဲ အသက် ရေ ကို ယူ ပါစေ။

18ဤ စာစောင် ၏ အနာဂတ္တိ စကား ကို ကြား သော သူအပေါင်း တို့အားငါ သက်သေခံ သည်ကား၊ အကြင်သူ သည် ဤအရာတို့၌၍ ထပ် အသစ်သွင်း၏။ ဤ စာစောင် ၌ ရေး ထားသော ဘေးဒဏ် တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက် စေတော်မူမည်။

19အကြင်သူ သည် ဤ စာစောင် ၏ အနာဂတ္တိ စကား အချို့ကို နှုတ်ပယ် ၏။ ဤ စာစောင် ၌ ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။

20ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊

21ဤအရာ များကို သက်သေခံ သောသူ မိန့် တော်မူ၏ အာမင် ၊ သခင် ယေရှု ကြွလာ တော်မူပါ။ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။

個人靈修 · 舊約/詩篇

말라기 4

開啟正文 →
第 4 章

The Day of the Lord and the Sun of Righteousness

1မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။

3မ တရားသောသူတို့ ကိုလည်း နင်း ကြလိမ့်မည်။ ထိုသို့ငါ စီရင် သော နေ့ ရက်၌ သူတို့သည် သင် တို့ခြေ ဘဝါး အောက် ၌ မြေမှုန့် ကဲ့သို့ဖြစ် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

I Will Send Elijah

4ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ဟောရပ် အရပ်၌ ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။

5ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။

6ငါသည် လာ ၍ သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား တို့နှင့် အဘ တို့ကို၎င်း၊ အဘ တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။

個人靈修 · 新約

요한복음 21

開啟正文 →
第 21 章

Jesus Appears at the Sea of Tiberias

1တဖန်ယေရှု သည် တိဗေရိ အိုင် နားမှာ တပည့် တော်တို့အား ကိုယ်ကိုပြ တော်မူ၏။ ပြ တော်မူသည် အကြောင်းအရာဟူမူကား၊

2ရှိမုန် ပေတရု နှင့် ဒိဒုမု ဟုအမည် ရှိသော သောမ ၊ ဂါလိလဲ ပြည် ကာန မြို့သားနာသနေလ ၊ ဇေဗေဒဲ ၏ သား နှစ်ယောက်၊ အခြား သောတပည့် တော်နှစ် ယောက်တို့သည် အတူ ရှိ ကြ၏။

3ရှိမုန် ပေတရု က၊ ကျွနု်ပ်သည် ငါး ဘမ်းသွားမည် ဟုဆို လျှင်၊ ထိုသူတို့က၊ အကျွန်ုပ် တို့လည်း လိုက် မည်ဟု ပြောဆို သည်နှင့်ထွက်သွား ကြ၏။ ချက်ခြင်းလှေ ထဲသို့ ဝင် ၍ ထို ညဉ့် တွင် တစ် ကောင်ကိုမျှမရ ကြ။

4နံနက် ရောက် သောအခါ ယေရှု သည်ကမ်း နားမှာ ရပ် တော်မူ၏။ သို့ရာတွင် ယေရှု ဖြစ် တော်မူသည်ကို တပည့် တော်တို့သည် မ သိ ကြ။

5ယေရှု ကလည်း၊ ချစ်သား တို့၊ စားစရာတစုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊ မ ရှိပါဟုပြန်ပြော ကြ၏။

6တဖန် ယေရှုက၊ လှေ လက်ျာ ဘက် ၌ ပိုက်ကွန် ကိုပစ်ချ လော့။ ထိုသို့ပြုလျှင်ရ လိမ့်မည် ဟု မိန့် တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ ၍ များစွာ သောငါး တို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ ၍မ ရ နိုင်။

7ထိုအခါ ယေရှု ချစ် တော်မူသောတပည့် တော်က၊ ငါတို့သခင် ပေတည်းဟု ပေတရု အားပြောဆို ၏။ သခင် ဖြစ် ကြောင်း ကို ရှိမုန် ပေတရု သည် ကြား လျှင်၊ အဝတ်ကို မ ခြုံဘဲ ရှိ လျက်အပေါ်အင်္ကျီ ကိုသာဝတ် စည်း၍ အိုင် ထဲသို့ ဆင်း လေ၏။

8အခြား သော တပည့် တော်တို့သည် ကမ်း နှင့်မနီးမဝေး အလံ ငါးဆယ် လောက် ကွာသည်ဖြစ်၍၊ ငါး များ နှင့်ပိုက်ကွန် ကို ဆွဲငင် လျက်လှေစီး ၍ လာကြ၏။

9ကုန်း ပေါ်သို့ ရောက်သောအခါ မီးခဲ ပုံကို၎င်း ၊ ကင်ထားသောငါး ကို၎င်း ၊ မုန့် ကို၎င်းတွေ့မြင် ကြ၏။

10ယေရှု ကလည်း၊ ယခု ရ သောငါး အချို့ကို ယူခဲ့ ကြ ဟုမိန့် တော်မူ၏။

11ရှိမုန် ပေတရု သည် လှေပေါ်သို့တက် ၍၊ ငါး ကြီး တစ်ရာ ငါးဆယ် သုံး ကောင်နှင့် ပြည့် လျက်ရှိသော ပိုက်ကွန် ကို ကုန်း ပေါ်သို့ ဆွဲတင် လေ၏။ ထိုမျှလောက်များ သော်လည်း ပိုက်ကွန် သည် မ စုတ် မပြတ်ရှိ ၏။

12ယေရှု ကလည်း၊ လာ ၍နံနက်စာ ကိုစားကြလော့ ဟု မိန့် တော်မူ၏။ သခင် ဖြစ် တော်မူကြောင်း ကို တပည့် တော်တို့သည် သိ ကြသောကြောင့် ကိုယ်တော် သည် အဘယ်သူ နည်းဟူ၍တစ်စုံတစ်ယောက် မျှမမေး မလျှောက်ဝံ့ ကြ။

13ယေရှု သည် လာ ၍မုန့် နှင့် ငါး ကိုယူ ပြီးလျှင် သူ တို့အား ပေး တော်မူ၏။

14ထို ပြတော်မူခြင်းကား၊ ယေရှု သည်သေ ခြင်းမှ ထမြောက် တော်မူသည်နောက်၊ တပည့် တော်တို့အား ကိုယ်ကို သုံး ကြိမ်မြောက်သော ပြ တော်မူခြင်းဖြစ်သတည်း။

Jesus Restores Peter

15နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊

16တစ်ဖန် ယေရှုက၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု ဒုတိယ အကြိမ်မေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟုလျှောက် သော်၊

17ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။

18ငါအမှန်အကန် ဆို သည်ကား၊ သင်သည်ပျို သော အသက်ရှိ စဉ်ကိုယ်ကိုကိုယ် ပတ်စည်း ၍ အလိုရှိ ရာအရပ် သို့ သွားလာ တတ်၏။ သင်သည် အို သောအခါ လက် နှစ်ဘက်ကိုဆန့် ပြီးလျှင်၊ သူတစ်ပါး သည် သင့် ကို ပတ်စည်း ၍ သင်အလို မ ရှိရာအရပ် သို့ ယူသွား လိမ့်မည် ဟု မိန့် တော်မူ၏။

19ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။

20ယေရှု ချစ် တော်မူ၍ အထက်က ညစာ စားသောအခါ၌ ရင် တော်ကိုမှီ ၍လျောင်း လျက်၊ သခင် ၊ ကိုယ်တော် ကို အပ်နှံ သောသူ ကား အဘယ်သူ နည်းဟု မေး သောတပည့် တော်သည်လည်း နောက် တော်သို့ လိုက် သည်ကို ပေတရု သည်လှည့် ၍မြင် လျှင်၊

21သခင် ၊ ဤ သူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက် သော်၊

22ယေရှု က၊ ငါကြွလာ သည်ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကားငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။

23ထို စကားတော်ကိုထောက် လျှင်၊ ညီအစ်ကို တို့က၊ ထို တပည့် တော်သည် မ သေ ရဟုအနှံ့အပြားပြောဆို ကြ၏။ သို့သော်လည်း ထိုသူ သည်မ သေ ရဟု ယေရှု မိန့် တော်မူသည်မ ဟုတ်။ ငါကြွလာ သည် ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူသတည်း။

24ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။

25သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။