တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊
EN
Copywork
Judson Burmese · 13:10-17 The Purpose of the Parables
Copywork is not a speed-typing drill but time to re-hold the words and flow of Scripture, one verse at a time. Your input is saved temporarily in this browser, and to your account when you are signed in.
Practice by section · Matthew
ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊
အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။
ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား မ လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။
ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။
အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။
သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။
ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။