ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။
EN
Copywork
Judson Burmese · 14:17-21 Jesus Foretells His Betrayal
Copywork is not a speed-typing drill but time to re-hold the words and flow of Scripture, one verse at a time. Your input is saved temporarily in this browser, and to your account when you are signed in.
Practice by section · Mark
စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။
ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။”
ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။