ငါသည် ငါ့ လင့်စင် ပေါ် မှာ ရပ် လျက် ၊ ရဲတိုက် ၌ အမြဲနေ လျက် ၊ ငါ့ အား အဘယ်သို့ မိန့် တော်မူမည်ကို၎င်း၊ အပြစ် တင်လျှင် အဘယ်သို့ ပြန် လျှောက်ရမည်ကို၎င်းငါစောင့် ၍ နေစဉ် တွင်၊
EN
Copywork
Judson Burmese Habakkuk 2장
Copywork is not a speed-typing drill but time to re-hold the words and flow of Scripture, one verse at a time. Your input is saved temporarily in this browser, and to your account when you are signed in.
Practice by section · Habakkuk
ထာဝရဘုရား ကလည်း၊ ဘတ်သောသူသည် ပြေး လျက် ဘတ် နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ် မှာ အက္ခရာ တင်၍ ရေးမှတ် လော့။
ထိုရူပါရုံ သည် ချိန်းချက် သော အချိန်နှင့်ဆိုင်၍ အမှုကုန် ရသောကာလကို ဆိုလို ၏။ မုသာ နှင့် ကင်းလွတ် ၏။ ဆိုင်း သော်လည်း မြော်လင့် လော့။ နောက် မ ကျဘဲ ဧကန်အမှန် ရောက် လိမ့်မည်။
စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ မ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် ၍ စုဝေး စေ၏။
ထို သူအပေါင်း တို့သည် သူ တဘက် ၌ ပုံ စကားနှင့် ကဲ့ရဲ့ သော နိမိတ် စကားကို သုံးဆောင် လျက် ၊ ကိုယ် မ ပိုင် သော ဥစ္စာကို ဆည်းဖူး သောသူသည် အ မင်္ဂလာရှိ၏။ အဘယ် မျှကာလ ပတ်လုံးကိုယ် အပေါ် မှာ ကြွေး များကို တင် စေပါလိမ့်မည်နည်းဟု မြွက်ဆို ကြမည်မဟုတ်လော။
သင့် ကို ကိုက် သောသူတို့ သည် ချက်ခြင်း ထ ကြ မည်မ ဟုတ်လော။ နှောင့်ရှက် သောသူတို့ သည် နိုး ကြမည် မဟုတ်လော။ သင်သည် သူ တို့လုယူ ရာဖြစ် လိမ့်မည်။
သင် သည် များ စွာသောလူမျိုး တို့ကို လု ယူသောကြောင့် ၊ ကျန် ကြွင်းသော လူမျိုး အပေါင်း တို့သည် သင့် ကို လု ယူကြလိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။
သင်သည် လူ များ တို့ကို လုပ်ကြံ သောအားဖြင့် ကိုယ် အမျိုး ကို အရှက်ကွဲ စေခြင်းငှါကြံစည် ၍၊ ကိုယ် အသက် ကို ပြစ်မှား ပြီ။
အကယ် စင်စစ်ကျောက် တလုံးသည် ကျောက် ထရံ ထဲက ဟစ် ခေါ်၍ ၊ ထုပ် တချောင်းသည် သစ်သား စုထဲက ထူး လေ၏။
လူအသက်ကိုသတ် သောအပြစ် နှင့် ရွာ ကို တည် သောသူ၊ အဓမ္မ အမှုနှင့် မြို့ ကို ခိုင်ခံ့ စေသော သူသည် အ မင်္ဂလာ ရှိ၏။
လူ များတို့သည် မီး ထဲမှာ လုပ်ဆောင် ၍၊ အမျိုး မျိုး တို့သည် အချည်းနှီး သော အမှု၌ ပင်ပန်း စေခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စီရင်တော်မူပြီ။
အကြောင်း မူကား၊ ပင်လယ် ရေ သည် မိမိနေရာ ကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။
သင် သည် အသရေ ပျက်၍ အရှက်ကွဲ ခြင်းနှင့် ဝ လိမ့်မည်။ ကိုယ်တိုင်သောက် ၍ အဝတ်ချွတ် ခြင်းကို ခံရလိမ့်မည်။ ထာဝရဘုရား ၏ လက်ျာ လက်တော်၌ရှိသောဖလား သည် သင့် ဆီသို့ ရောက် ၍ ၊ ရွံရှာ ဘွယ်သော အော့အန်ခြင်းသည် သင့် အသရေ ကို လွှမ်းမိုးလိမ့်မည်။
လေဗနုန် တောင်ကို အနိုင် အထက်ပြုသောအပြစ်၊ တိရစ္ဆာန် များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီး သော အပြစ်သည် သင့် ကို လွှမ်းမိုး လိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သော အပြစ်ရှိ၏။
ထုလုပ်သော ရုပ်တု သည် အဘယ် အကျိုး ကိုပေး ၍၊ လက်သမားသည် ထုလုပ် ရသနည်း။ သွန်းသော ရုပ်တု နှင့်မိစ္ဆာ ဆရာသည် အဘယ်အကျိုးကိုပေး ၍၊ လုပ် သောသူသည် မိမိ အလုပ် ကို မှီခို လျက်၊ စကားအ သော ရုပ်တု တို့ကို လုပ် ရသနည်း။
သစ်သား အား ၊ နိုး တော်မူပါဟူ၍၎င်း ၊ စကား အ သောကျောက် အား ၊ ထ တော်မူပါဟူ၍၎င်း ဆို သောသူသည် အ မင်္ဂလာရှိ၏။ ထို အရာသည် သွန်သင် လိမ့်မည် လော။ ရွှေ ငွေ နှင့် မွမ်းမံ လျက် ရှိ၏။ အတွင်း ၌ အသက် အလျှင်း မ ရှိပါတကား။
ထာဝရဘုရား မူကား ၊ သန့်ရှင်း သော ဗိမာန် တော်၌ ရှိတော်မူ၏။ မြေကြီး သားအပေါင်း တို့၊ ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။