တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
KO
Copywork
Judson Burmese 민수기 17장
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 민수기
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ပြီးမှ ၊ ဘိုး ဘအဆွေအမျိုး အလိုက် ဣသရေလဆယ်နှစ် မျိုး၌ မင်း ပြုသောသူအသီးအသီး ပေးရသောလှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည် ကို သူ့ လှံတံ ပေါ်မှာ ရေး ထားလော့။
လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။
ထိုလှံတံတို့ကို ငါဗျာဒိတ် ပေးရာအရပ် ၊ ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ သက်သေခံ ချက်ရှေ့မှာ တင် ထားလော့။
ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊
မောရှေ သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ ၊ မင်း အပေါင်း တို့သည် ဘိုးဘ အဆွေအမျိုး အလိုက်၊ မင်း တ ဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ် နှစ် ချောင်းတို့ကိုပေး ကြ၏။ အာရုန် ၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။
မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။
နက်ဖြန် နေ့၌ သက်သေခံ ချက်တဲ တော်အတွင်း သို့ မောရှေ ဝင် သောအခါ ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန် ၏လှံတံ သည် အရွက်ထွက် လျက်၊ ငုံ လျက်၊ ပွင့် လျက်၊ ဗာတံ သီးကို သီး လျက်ရှိ၏။
မောရှေ သည် လှံတံ ရှိသမျှ တို့ကို ထာဝရဘုရား ထံ တော်က ဣသရေလ အမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူ တိုင်း မိမိ လှံတံ ကို ယူ ပြန် လေ၏။
ထာဝရဘုရား ကလည်း ၊ ပုန်ကန် သောသူတို့ တဘက်၌ သက်သေ ဖြစ်စေခြင်းငှါ၊ အာရုန် ၏ လှံတံ ကို သက်သေခံ ချက်ရှေ့၌ ပြန် ထား၍ အမြဲရှိ စေလော့။ ထိုသို့ သူတို့သည် သေ ဘေးနှင့် လွတ် မည်အကြောင်း ၊ သူ တို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနား မငြီးရာဟု၊
မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ပြု လေ၏။
ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
ထာဝရဘုရား ၏ တဲ တော်ကို ချဉ်းကပ် သောသူ တိုင်း သေ ပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေ ဘေးသင့်၍ ဆုံးရှုံး ခြင်းသို့ ရောက်ရကြပါဦးမည်လော ဟု မောရှေ အား လျှောက်ဆို ကြ၏။