ထာဝရဘုရား ကလည်း၊
EN
Copywork
Judson Burmese Numbers 8장
Copywork is not a speed-typing drill but time to re-hold the words and flow of Scripture, one verse at a time. Your input is saved temporarily in this browser, and to your account when you are signed in.
Practice by section · Numbers
သင်သည်အာရုန် အား ဆင့်ဆို ရမည်မှာ၊ မီးခွက် များကို ထွန်း သောအခါ ၊ မီးခွက် ခုနစ် လုံး တို့သည် မီးခုံ တဘက်တချက် ၌ ထွန်းလင်း ရမည်ဟု၊
မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ အာရုန် ပြု ၍ မီးခုံ တဘက်တချက် ၌ မီးခွက် များကို ထွန်း လေ၏။
မီးခုံမူကား၊ ထာဝရဘုရား သည် မောရှေ အား ပြ တော်မူသောပုံ နှင့်အညီ ၊ မီးခုံ တိုင် မှစ၍ ကြာပွင့် တိုင်အောင် ရွှေ ဖြင့် တစပ်တည်းထု လုပ်သော မီးခုံ ဖြစ်သတည်း။
ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
ဆီ ရော သော မုန့်ညက် တည်းဟူသောဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ အသက်ပျို သော နွားထီး တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျို သော နွားထီး တကောင်ကို ယူ ပြီးလျှင် ၊
လေဝိ သားတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော် ရှေ့သို့ ခေါ် ခဲ့၍ ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို စည်းဝေး စေပြီးမှ ၊
လေဝိ သားတို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့၍ ၊ သူ တို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသား တို့သည် လက် ကိုတင် သဖြင့် ၊
သူတို့သည် ထာဝရဘုရား ၏ အမှု တော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလ အမျိုးသား တို့ပြုသောပူဇော်သက္ကာတည်းဟူသောလေဝိ သားတို့ကို အာရုန် သည် ထာဝရဘုရား အား ဆက် ရမည်။
လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
ထိုသို့ လေဝိ သားတို့ကို ဣသရေလ အမျိုးသား တို့ နှင့် တခြားစီ ခွဲထား၍ ၊ သူတို့သည် အထူးသဖြင့်ငါ့ လူဖြစ် ရကြ လိမ့်မည်။
ထိုနောက်မှ လေဝိ သားတို့သည်၊ ပရိသတ် စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြ လိမ့်မည်။ သူ တို့ကို စင်ကြယ် စေ၍၊ ပူဇော်သက္ကာ ပြု ရ သော အကြောင်းဟူမူကား၊
ဣသရေလ အမျိုး ထဲက သူ တို့ကို ရွေးကောက် ၍၊ ငါ့ အား အပိုင်ပေးရမည်။ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက် သူတို့ကို ငါသိမ်းယူ ၏။
အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
လေဝိ သားအမှု၌၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် လေဝိ သားတို့ကို ပြု ကြလျှင် ၊
သူတို့သည် စင်ကြယ် ခြင်းသို့ရောက်၍ မိမိ တို့ အဝတ် ကို လျှော် ကြ၏။ အာရုန် သည်လည်း ၊ သူ တို့ကို ထာဝရဘုရား အား ဆက်ကပ် ၍ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် စင်ကြယ် စေလေ၏။
ထိုနောက်မှ လေဝိ သားတို့သည် အာရုန် နှင့် သူ ၏ သား တို့ရှေ့၌ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ကြ၏။ လေဝိ သားတို့အမှု၌ ထာဝရဘုရား သည် မောရှေ အားမှာထား တော်မူသည် အတိုင်း ၊ လူအပေါင်းတို့သည် ပြု ကြ၏။
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
လေဝိ သားတို့သည် အသက် နှစ်ဆယ် ငါး နှစ် လွန် မှ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြမည်။
အသက် ငါးဆယ် လွန်မှ အမှု လွတ် ၍ နောက်တဖန် မ ဆောင်ရွက် ဘဲ၊
ပရိသတ်စည်းဝေး ရာတဲ တော်၌ မိမိ ညီအစ်ကို တို့နှင်အတူကူညီ ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့လေဝိ သားများစောင့် ရသောအမှုကို စီရင် ရမည်ဟု မိန့် တော်မူ၏။