တမန်တော် တို့သည် ယေရှု ထံ တော်၌ စုဝေး ၍ ၊ မိမိတို့ပြု သမျှ သွန်သင် သမျှ တို့ကို ကြားလျှောက် ကြ၏။
KO
Copywork
Judson Burmese · 6:30-44 Jesus Feeds the Five Thousand
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 마가복음
ကိုယ်တော်ကလည်း ၊ တော ၌ဆိတ်ကွယ် ရာအရပ် သို့ လာ ကြ။ ခဏ အားဖြည့်၍ ငြိမ်သက် စွာ နေကြဟု မိန့် တော်မူ၏။ အကြောင်းမူကား ၊ လူများ သွား လာ ကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစား ခြင်းငှာမျှ မ အား နိုင်ကြ။
ထိုကြောင့် ၊ လှေ စီး၍ တော ၌ ဆိတ်ကွယ် ရာအရပ် သို့ သွား ကြ၏။
သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။
ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင်၊ ထိုသူတို့သည် ထိန်း သူမ ရှိ ၊ ပစ်ထားသော သိုး ကဲ့သို့ ဖြစ် ကြသည်ကိုသနား ခြင်းစိတ်တော်ရှိ၍ များစွာ သော ဆုံးမ ဩဝါဒကို ပေးတော်မူ၏။
မိုဃ်းချုပ် သောအခါတပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တော အရပ် ဖြစ် ပါ၏။ မိုဃ်း လည်း ချုပ်ပါပြီ။
လူများတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာအခွင့် ပေးတော်မူပါ။ သူ တို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု ပြန်ပြော တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိ အပြားနှစ်ရာ နှင့်မုန့် ကိုဝယ် ပြီးလျှင် သူ တို့အား စားစရာ ဘို့ ပေး ရပါအံ့လောဟု လျှောက် ကြ၏။
ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့် ဘယ်နှစ် လုံးရှိ သနည်း။ သွား ၍ ကြည့်ရှု ကြ ဟု မိန့် တော်မူသည် အတိုင်း သူတို့သည် သိ ပြီးမှ ၊ မုန့်ငါး လုံးနှင့် ငါး နှစ် ကောင် ရှိပါသည်ဟု လျှောက် ပြန်၏။
ထိုအခါ လူအပေါင်း တို့ကို မြက် စိမ်း ပေါ်မှာ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။
သူတို့သည် တရာ တစ်စု၊ ငါးဆယ် တစ်စု၊ အစုစု လျောင်း ကြလျှင် ၊
ကိုယ်တော်သည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ၊ ကောင်းကင် သို့ မျှော်ကြည့် လျက် ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် ကိုဖဲ့ ၍ လူ များတို့ရှေ့ ၌ထည့်စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူ၏။ ငါး နှစ် ကောင်ကို လည်း လူအပေါင်း တို့အား ဝေငှ တော်မူ၏။
လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ၊
မုန့်နှင့်ငါး အကျိုးအပဲ့ ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း ၊ အပြည့် ရကြ၏။
မုန့် ကိုစား သောသူ ယောက်ျား အရေအတွက်ကား၊ လူငါးထောင် မျှလောက်ရှိ သတည်း။