scripture.how 성경필사
KO

Copywork

Judson Burmese 요한복음 19장

성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.

KO 한국어
ZH 중국어
JA 일본어
HI 힌디어
BN 벵골어
TA 타밀어
TE 텔루구어
ML 말라얄람어
FA 페르시아어
MY 버마어
NE 네팔어
MR 마라티어
KN 칸나다어
HA 하우사어
YO 요루바어
SW 스와힐리어
IG 이그보어
ID 인도네시아어
TSI
PT 포르투갈어
VI 베트남어
AR 아랍어
AVD
RU 러시아어
UK 우크라이나어
RO 루마니아어
BTF
IT 이탈리아어
FI 핀란드어
TO 통가어
HR 크로아티아어
SR 세르비아어
TR 튀르키예어
HU 헝가리어
PL 폴란드어
SK 슬로바키아어
LA 라틴어
NL 네덜란드어
CS 체코어
FR 프랑스어
ES 스페인어
DE 독일어
ETC 기타 언어

소제목 단위로 진행 · 요한복음

1:1-18 The Word Became Flesh 1:19-28 The Testimony of John the Baptist 1:29-34 Jesus, the Lamb of God 1:35-51 The First Disciples 2:1-11 The Wedding at Cana 2:12-25 Jesus Cleanses the Temple 3:1-21 Nicodemus and the New Birth 3:22-36 John the Baptist, the Bridegroom's Friend 4:1-26 Jesus and the Samaritan Woman 4:27-42 The Harvest unto Eternal Life 4:43-54 Jesus Heals the Official's Son 5:1-18 The Healing at the Pool of Bethesda 5:19-30 The Authority of the Son 5:31-47 Witnesses to Jesus 6:1-14 Jesus Feeds the Five Thousand 6:15-21 Jesus Walks on the Water 6:22-40 The Bread of Life 6:41-59 The Bread from Heaven 6:60-71 The Words of Eternal Life 7:1-13 Jesus Goes Up to the Feast of Tabernacles 7:14-36 Rivers of Living Water 7:37-53 Division Among the People 8:1-11 The Woman Caught in Adultery 8:12-30 The Light of the World 8:31-47 The Truth Will Set You Free 8:48-59 Before Abraham Was, I Am 9:1-12 Jesus Heals a Man Born Blind 9:13-34 The Pharisees Investigate the Healing 9:35-41 Spiritual Blindness 10:1-21 The Good Shepherd 10:22-42 The Dispute at the Feast of Dedication 11:1-16 The Death of Lazarus 11:17-37 I Am the Resurrection and the Life 11:38-44 Jesus Raises Lazarus 11:45-57 The Plot to Kill Jesus 12:1-11 Mary Anoints Jesus 12:12-19 The Triumphal Entry into Jerusalem 12:20-36 The Son of Man Must Be Lifted Up 12:37-50 The Unbelief of the People 13:1-20 Jesus Washes the Disciples' Feet 13:21-30 Jesus Foretells His Betrayal 13:31-35 A New Commandment 13:36-38 Jesus Foretells Peter's Denial 14:1-14 The Way, the Truth, and the Life 14:15-31 Jesus Promises the Holy Spirit 15:1-17 The True Vine 15:18-27 The Hatred of the World 16:1-15 The Work of the Holy Spirit 16:16-33 Sorrow Will Turn into Joy 17:1-5 Jesus Prays for Himself 17:6-19 Jesus Prays for His Disciples 17:20-26 Jesus Prays for All Believers 18:1-11 The Betrayal and Arrest of Jesus 18:15-27 Peter Denies Jesus 18:28-40 Jesus Before Pilate 19:1-16 Jesus Sentenced to Death 19:17-30 The Crucifixion 19:31-42 Jesus' Side Is Pierced and His Burial 20:1-10 The Empty Tomb 20:11-18 Jesus Appears to Mary Magdalene 20:19-23 Jesus Appears to the Disciples 20:24-31 The Doubt and Faith of Thomas 21:1-14 Jesus Appears at the Sea of Tiberias 21:15-25 Jesus Restores Peter
19:1
대기

ထိုအခါ ပိလတ် မင်းသည် ယေရှု ကိုယူ ၍ ရိုက် ပြီးမှ၊

19:2
대기

စစ်သူရဲ တို့သည် ဆူးပင် နှင့် ရက် သော ဦးရစ် ကိုခေါင်း တော်၌တင် ၍၊ နီမောင်း သောဝတ်လုံ နှင့် ခြုံ စေ ပြီးလျှင် ၊

19:3
대기

ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟုဆို ၍ ရိုက်ပုတ် ကြ၏။

19:4
대기

ပိလတ် မင်းကလည်း ၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါမတွေ့ ကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ သူ့ ကို သင် တို့ရှိရာသို့ ငါထုတ်ပြ သည်ဟုဆို ၏။

19:5
대기

ထိုအခါ ယေရှု သည် ဆူး ပင်ဦးရစ် နှင့် နီမောင်း သောဝတ်လုံ တို့ကိုဝတ် လျက် အပြင် သို့ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း သူ့ ကိုကြည့် ကြလော့ဟုဆို ၏။

19:6
대기

ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင် များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ၊ ရိုက် ထားပါ ဟု ဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့သည် သူ့ ကိုယူ ၍ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ။ ငါ သည် သူ ၌ အပြစ် ကို မ တွေ့ ဟုဆို လျှင်၊

19:7
대기

ယုဒ လူတို့က၊ ဤသူသည်ဘုရားသခင် ၏သား တော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် တို့၌ ရှိ သောဓမ္မသတ် အတိုင်း သေ ထိုက် ပါသည်ဟုလျှောက် ကြ၏။

19:8
대기

ထို စကား ကိုကြား လျှင် ပိလတ် မင်းသည်သာ၍ ကြောက် သဖြင့် ၊ အိမ်တော်ဦး ထဲသို့ ဝင် ပြန် ၍ ၊

19:9
대기

ယေရှု အား၊ သင် သည် အဘယ် ကဖြစ် သနည်းဟုမေး လျှင်၊ တစ်ခွန်းကိုမျှပြန် တော်မ မူ၊

19:10
대기

ပိလတ် မင်းကလည်း၊ ငါ နှင့်စကား မ ပြောသလော။ ငါ သည် သင့် ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပိုင် သည်ကို၎င်း ၊ လွှတ် ပိုင်သည်ကို၎င်း၊ သင်မ သိ လောဟုဆို သော်၊

19:11
대기

အထက် အရပ်မှအခွင့် ကို မ ရ လျှင် မင်းကြီး သည် ငါ့ ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ ကို မင်းကြီး လက်သို့ အပ်နှံ သောသူ သည်သာ၍ကြီး သောအပြစ် ရှိ သည် ဟု မိန့် တော်မူ ၏။

19:12
대기

ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။

19:13
대기

ထို စကား ကိုကြား လျှင် ပိလတ် မင်းသည် ယေရှု ကိုပြင် သို့ထုတ် ပြီးမှ၊ ဟေဗြဲ စကားအားဖြင့်ဂဗ္ဗသ အမည်ရှိ၍ ကျောက် ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင် ပေါ်မှာ ထိုင် လေ၏။

19:14
대기

ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တစ် ချက်တီးအချိန် လောက် ရှိ ၏။ ပိလတ်မင်းကလည်းသင် တို့၏ ရှင်ဘုရင် ကို ကြည့် ကြလော့ဟု ယုဒ လူတို့အား ပြောဆို လျှင် ၊

19:15
대기

ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။

19:16
대기

ထိုအခါ ပိလတ်မင်းသည် ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာ ထိုသူ တို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော် ကိုယူ၍ထုတ်သွား ကြ၏။

19:17
대기

ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။

19:18
대기

ထိုအရပ် ၌ ကိုယ်တော် ကို အခြား သောသူနှစ် ယောက်နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ် မှာ ယေရှု သည် နေရာကျသတည်း။

19:19
대기

ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။

19:20
대기

ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် သည် မြို့ နှင့်နီး သည်ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသ ဘာသာ၊ ရောမ ဘာသာအားဖြင့်ရေး ထားသောကြောင့် ယုဒ လူများ တို့သည် ဖတ် ကြ၏။

19:21
대기

ထိုကြောင့် ယုဒ ယဇ်ပုရောဟိတ် အကြီးတို့သည် ပိလတ် မင်းထံသို့ဝင်၍၊ ယုဒ ရှင်ဘုရင် ဟု မ ရေး ပါနှင့်။ ငါသည်ယုဒ ရှင်ဘုရင် ဖြစ် သည်ဟု သူ ဆို ကြောင်း ကို ရေးတော်မူပါဟုလျှောက် ကြလျှင်၊

19:22
대기

ပိလတ် မင်းက၊ ငါရေး ပြီးသောအရာ ကို ငါရေး ပြီဟုပြန်ဆို ၏။

19:23
대기

စစ်သူရဲ တို့သည် ယေရှု ကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ၊ အဝတ် တော်တို့ကို လေး ပိုင်း ပိုင်း၍ တစ်ယောက်တစ်ပိုင်း စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား၊ မ ချုပ်ဘဲလျက် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် ရက် သောအင်္ကျီ ဖြစ်သောကြောင့် ၊

19:24
대기

ထိုသူတို့က၊ အင်္ကျီ ကိုမ ဆုတ် ကြနှင့်။ အဘယ်သူ ယူ ရမည်ကို စာရေးတံ ချကြကုန်အံ့ဟု အချင်းချင်း ဆို ကြ၏။ ကျမ်းစာ လာသည်ကား ၊ သူတို့သည် အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ အကျွန်ုပ် အင်္ကျီ ကိုစာရေးတံ ချကြပါ၏ဟူသော အချက်စကား ကိုပြည့်စုံ စေ၍၊ စစ်သူရဲ တို့သည် ထိုသို့ ပြု ကြ၏။

19:25
대기

ယေရှု ၏ လက်ဝါးကပ်တိုင် တော်နား မှာ မယ်တော် နှင့် မယ်တော် ၏ညီမ ဖြစ်သော ကလောဖ ၏မယား မာရိ နှင့် မာဂဒလ မာရိ တို့သည် ရပ် နေကြ၏။

19:26
대기

ထိုအခါမယ်တော် နှင့် ချစ် တော်မူသောတပည့် တော်သည် အနားမှာရပ် နေသည်ကို ယေရှု သည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ ၊ သင် ၏သား ကို ကြည့် ပါ ဟူ၍၎င်း ၊

19:27
대기

တပည့် တော်အားလည်း၊ သင် ၏အမိ ကိုကြည့် ပါ ဟူ၍၎င်း မိန့် တော်မူ၏။ ထို အခါ မှစ၍ ထိုတပည့် တော်သည် မယ်တော် ကိုမိမိ အိမ်၌ သိမ်းထား ၏။

19:28
대기

ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။

19:29
대기

ထိုအရပ်၌ပုံးရည် နှင့်ပြည့် သော အိုး တစ်လုံးရှိ သည်ဖြစ်၍၊ ထိုသူတို့သည် ရေမှို တထွေးကိုပုံးရည် နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ် ပင် အကိုင်းဖျား၌တပ် ၍ ခံတွင်း တော်သို့ကပ် ထားကြ၏။

19:30
대기

ယေရှု သည် ပုံးရည် ကိုခံ ပြီးမှ၊ အမှုပြီး ပြီဟုမိန့် တော်မူလျက်၊ ခေါင်း တော်ကို ငိုက် ဆိုက်ညွှတ်၍ အသက် တော်ကို စွန့် တော်မူ၏။

19:31
대기

ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။

19:32
대기

ထိုအခါ စစ်သူရဲ တို့သည် သွား ၍ကိုယ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေ ကိုချိုး လေ၏။

19:33
대기

ယေရှု ထံသို့ ရောက် ၍ အသက် မရှိကြောင်းကို မြင် လျှင်ခြေ ကို မ ချိုး ဘဲ၊

19:34
대기

စစ်သူရဲ တစ် ယောက်သည် နံဖေး တော်ကို လှံ နှင့်ထိုးဖောက် ၍ သွေး နှင့် ရေ သည်ချက်ခြင်း ထွက်လာ ၏။

19:35
대기

ထိုအကြောင်းအရာကိုမြင် သောသူ သည် သက်သေခံ ၏။ သူ ၏သက်သေခံ ချက်သည်လည်း မှန် ပေ၏။ သင် တို့သည်ယုံကြည် မည်အကြောင်း ၊ သူပြော သောစကားမှန် သည် ကို သူ သိ ၏။

19:36
대기

ထို အကြောင်းအရာကား၊ သူ ၏အရိုး ကို မ ချိုး ရဟု ကျမ်းစာ လာချက်ပြည့်စုံ မည်အကြောင်း တည်း။

19:37
대기

တစ်ဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက် သောသူ ကို ရှုမြင် ရကြလိမ့်မည်ဟု လာ၏။

19:38
대기

ထိုနောက်မှ အရိမသဲ မြို့သားယောသပ် သည် ယုဒ လူတို့ကိုကြောက် ၍ မထင်မရှား တပည့် တော်ဖြစ် သည်နှင့်၊ ပိလတ် မင်းထံသို့ဝင်၍ ယေရှု ၏အလောင်း တော်ကို ယူသွား မည်အကြောင်း အခွင့်တောင်း ၏။ ပိလတ် မင်းအခွင့် ပေးလျှင်၊ ထိုသူသည်သွား ၍ ယေရှု ၏အလောင်း တော်ကို ယူ လေ၏။

19:39
대기

အထက် ကညဉ့် အခါယေရှု ထံသို့ လာ သော နိကောဒင် သည်လည်း ၊ အခွက်သုံးဆယ်မျှလောက် အချိန် ရှိသောမုရန် နှင့် အကျော် ကို ရောနှော သော နံ့သာပျောင်းကို ဆောင် လျက်လာ ၏။

19:40
대기

ထိုသူတို့သည် ယေရှု ၏အလောင်း တော်ကိုယူ ၍ ၊ ယုဒ လူတို့၏ သင်္ဂြိုဟ် ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံ ရှိ သည်အတိုင်း နံ့သာမျိုး နှင့်တကွ ပိတ် ပုဆိုးဖြင့် အလောင်း တော်ကို ပတ်ရစ် ကြ၏။

19:41
대기

လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် တွင်ဥယျာဉ် ရှိ ၏။ ထိုဥယျာဉ် တွင် တစ်ယောက် ကိုမျှမ သင်္ဂြိုဟ်ဘူးသော သင်္ချိုင်း တွင်းသစ် ရှိ၏။

19:42
대기

ယုဒ လူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့် ၊ အနီးအပါး တွင်ရှိ သော ထိုသင်္ချိုင်း အတွင်း၌ အလောင်း တော်ကိုထား ကြ၏။