မောရှေ နှင့် အာရုန် စီရင်၍ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား အလုံးအရင်း တို့ သည် ခရီးသွား ခြင်း အကြောင်းအရာများကို၊
JA
Copywork
Judson Burmese Numbers 33장
写経は速く終える入力練習ではなく、一節ずつみ言葉の文と流れを改めて受け止める時間です。入力内容はこのブラウザに一時保存され、ログインするとアカウントにも保存されます。
小見出し単位で進める · Numbers
ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
ဣသရေလ အမျိုးသား တို့သည် ရာမသက် မြို့မှ ပြောင်း ၍ သုကုတ် အရပ်၌ စားခန်းချ ကြ၏။
သုကုတ် အရပ်မှ ပြောင်း ၍ တော စပ် နား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
ဧသံ မြို့မှ ပြောင်း ၍ ဗာလဇေဖုန် မြို့ရှေ့မှာ ရှိ သော ပိဟဟိရုတ် မြို့သို့ တဖန် လည်၍ မိဂဒေါလ မြို့ရှေ့၌ စားခန်းချ ကြ၏။
ပိဟဟိရုတ် မြို့မှ ပြောင်း ၍ ပင်လယ် အလယ် ၌ ရှောက်သွား သဖြင့် ဧသံ တော သို့ ရောက်၍၊ ထိုတော ထဲ၌ သုံး ရက် ခရီး သွား ပြီးလျှင် ၊ မာရ အရပ်၌ စားခန်းချ ကြ၏။
မာရ အရပ်မှ ပြောင်း ၍ ရေတွင်း ဆယ် နှစ် တွင်း နှင့် စွန်ပလွံ ပင် ခုနစ်ဆယ် ရှိသောဧလိမ် ရွာသို့ ရောက် ၍ စားခန်းချ ကြ၏။
ဧလိမ် ရွာမှ ပြောင်း ၍ ဧဒုံ ပင်လယ် နားမှာ စားခန်းချ ကြ၏။
ဧဒုံ ပင်လယ် မှ ပြောင်း ၍ သိန် တော ၌ စားခန်းချ ကြ၏။
သိန် တော မှ ပြောင်း ၍ ဒေါဖကာ အရပ်၌ စားခန်းချ ကြ၏။
ဒေါဖကာ အရပ်မှ ပြောင်း ၍ အာလုရှ အရပ်၌ စားခန်းချ ကြ၏။
အာလုရှ အရပ်မှ ပြောင်း ၍ လူ များသောက် စရာရေ မ ရှိ သော ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။
ရေဖိဒိမ် အရပ်မှ ပြောင်း ၍ သိနာ တော ၌ စားခန်းချ ကြ၏။
သိနာ တော မှ ပြောင်း ၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စားခန်းချ ကြ၏။
ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း ၍ ဟာဇရုတ် အရပ်၌ စားခန်းချ ကြ၏။
ဟာဇရုတ် အရပ်မှ ပြောင်း ၍ ရိသမ အရပ်၌ စားခန်းချ ကြ၏။
ရိသမ အရပ်မှ ပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်းချ ကြ၏။
ရိမ္မုန်ဖါရက် အရပ်မှ ပြောင်း ၍ လိဗန ရွာ၌ စားခန်းချ ကြ၏။
လိဗန ရွာမှ ပြောင်း ၍ ရိဿ အရပ်၌ စားခန်းချ ကြ၏။
ရိဿ အရပ်မှ ပြောင်း ၍ ကေဟလာသ အရပ်၌ စားခန်းချ ကြ၏။
ကေဟလာသ အရပ်မှ ပြောင်း ၍ ရှာဖါ တောင် ၌ စားခန်းချ ကြ၏။
ရှာဖါ တောင် မှ ပြောင်း ၍ ဟာရဒ အရပ်၌ စားခန်းချ ကြ၏။
ဟာရဒ အရပ်မှ ပြောင်း ၍ မက္ကလုတ် အရပ်၌ စားခန်းချ ကြ၏။
မက္ကလုတ် အရပ်မှ ပြောင်း ၍ တာဟတ် အရပ်၌ စားခန်းချ ကြ၏။
တာဟတ် အရပ်မှ ပြောင်း ၍ တာရ အရပ်၌ စားခန်းချ ကြ၏။
တာရ အရပ်မှ ပြောင်း ၍ မိသကာ အရပ်၌ စားခန်းချ ကြ၏။
မိသကာ အရပ်မှ ပြောင်း ၍ ဟာရှမောန အရပ်၌ စားခန်းချ ကြ၏။
ဟာရှမောန အရပ်မှ ပြောင်း ၍ မောသရုတ် အရပ်၌ စားခန်းချ ကြ၏။
မောသရုတ် အရပ်မှ ပြောင်း ၍ ဗင်္ယာကန် အရပ် ၌ စားခန်းချ ကြ၏။
ဗင်္ယာကန် အရပ်မှ ပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချ ကြ၏။
ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း ၍ ယုပ္ဘာသ အရပ်၌ စားခန်းချ ကြ၏။
ယုပ္ဘာသ အရပ်မှ ပြောင်း ၍ ဧဗြောန အရပ်၌ စားခန်းချ ကြ၏။
ဧဗြောန အရပ်မှ ပြောင်း ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချ ကြ၏။
ဧဇယုန်ဂါဗာ အရပ်မှ ပြောင်း ၍ ဇိန တော ၊ ကာဒေရှ အရပ်၌ စားခန်းချ ကြ၏။
ကာဒေရှ အရပ်မှ ပြောင်း ၍ ဧဒုံ ပြည် အနား မှာ ဟောရ တောင် ၌ စားခန်းချ ကြ၏။
ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။
အာရုန် သည် ဟောရ တောင် ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာ နှစ်ဆယ် သုံး နှစ် ရှိသတည်း။
ခါနာန် ပြည် တောင် ပိုင်း၌ နေ သောခါနနိ ရှင်ဘုရင် အာရဒ် သည် ဣသရေလ အမျိုးသား ရောက် ကြောင်းကို ကြား လေ၏။
သူတို့သည် ဟောရ တောင် မှ ပြောင်း ၍ ၊ ဇာလမောန အရပ်၌ စားခန်းချ ကြ၏။
ဇာလမောန အရပ်မှ ပြောင်း ၍ ပုနုန် အရပ်၌ စားခန်းချ ကြ၏။
ပုနုန် အရပ်မှ ပြောင်း ၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
ဩဗုတ် အရပ်မှ ပြောင်း ၍ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
ဣဇာဗာရိမ်အရပ်မှ ပြောင်း ၍ ဒိဗုန် ဂဒ် အရပ်၌ စားခန်းချ ကြ၏။
ဒိဗုန် ဂဒ် အရပ်မှ ပြောင်း ၍ အာလမုန်ဒိဗလသိမ် အရပ်၌ စားခန်းချ ကြ၏။
အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ် တောင်ရိုး ၌ စားခန်းချ ကြ၏။
အာဗရိမ် တောင်ရိုး မှ ပြောင်း ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စားခန်းချ ကြ၏။
ထိုသို့ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နားမှာ ဗက်ယေရှိမုတ် မြို့မှ အာဗေလရှိတ္တိမ် မြို့ တိုင်အောင် စားခန်းချ ကြ၏။
မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား၊ ယေရိခေါ မြို့ တဘက်၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်၍၊
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
ထိုပြည်သူ ပြည်သားအပေါင်း တို့ကို နှင်ထုတ် ရကြမည်။ သူ တို့ရေး သော အရုပ်၊ သွန်း သော ရုပ်တု ဆင်းတုရှိသမျှ တို့ကို ဖျက် ရကြမည်။ သူ တို့လုပ်သော ကုန်း ရှိသမျှ တို့ ကို ဖြိုချ ရကြမည်။
ထိုပြည် ကို သင် တို့အား ငါအပိုင် ပေး သောကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင်နေ ရကြမည်။
သင် တို့အဆွေအမျိုး တို့အား စာရေးတံချ ၍ ထိုမြေ ကို ဝေ ရမည်။ လူများ လျှင်များ သောမြေ၊ လူနည်း လျှင် နည်း သောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျ သည်အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
ထိုမှတပါး ၊ သူ တို့အား ငါကြံစည် သည်အတိုင်း သင် တို့ကို ငါပြု မည်ဟု မိန့် တော်မူ၏။