အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ပဌမ လ ၌ သိန တော တွင် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူ သည်ကား၊
JA
Copywork
Judson Burmese Numbers 9장
写経は速く終える入力練習ではなく、一節ずつみ言葉の文と流れを改めて受け止める時間です。入力内容はこのブラウザに一時保存され、ログインするとアカウントにも保存されます。
小見出し単位で進める · Numbers
ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
စီရင် ထုံးဖွဲ့သမျှ သောထုံးစံ အတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသောယခု လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ စောင့် ရကြမည်ဟု မိန့် တော်မူ၏။
ဣသရေလ အမျိုးသား တို့သည် ပသခါ ပွဲကို ခံရ မည်အကြောင်း၊ မောရှေ ဆင့်ဆို သည်အတိုင်း ၊
သိန တော တွင် ပဌမ လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ ပသခါ ပွဲကိုခံရ ကြ၏။ မောရှေ အား ထာဝရဘုရား မှာထား တော်မူသမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
ထို နေ့ ၌ ပသခါ ပွဲကိုမ ခံရ မည်အကြောင်း၊ လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်းသို့ ရောက် သော လူ အချို့တို့သည်၊ ထို နေ့ ၌ မောရှေ နှင့် အာရုန် ထံသို့ ချဉ်းကပ် ၍၊
အကျွန်ုပ် တို့သည် လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်း ရှိပါ၏။ ချိန်းချက် သောအချိန်၌ ဣသရေလ အမျိုးသား တို့နှင့်အတူ ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ကို မ ပြု စေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက် ကြ၏။
မောရှေ ကလည်း ၊ နေ ကြဦးလော့။ သင် တို့အမှု၌ ထာဝရဘုရား မိန့် တော်မူသော စကားကို ငါနားထောင် ဦးမည်ဟု ပြန်ဆို ၏။
ထိုအခါ မောရှေ အား ထာဝရဘုရား က၊
သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့အမျိုးသား သည် အသေကောင် အားဖြင့် ညစ်ညူး ခြင်းရှိ သော်၎င်း ၊ ဝေး သောအရပ်သို့ ခရီး သွားသော်၎င်း၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကိုခံရ မည်။
ဒုတိယ လ တဆယ် လေး ရက် နေ့ညဦးယံ ၌ ပွဲ ခံ၍၊ သိုးသငယ်အသားကို တဆေး မပါသော မုန့်၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
ထိုအသားကို နံနက် တိုင်အောင် မ ကြွင်း စေရ။ အရိုး ကိုလည်း မ ချိုး ရ။ ပသခါ ပွဲနှင့်ဆိုင်သောအထုံးအဖွဲ့ရှိသမျှ တို့ ကို လိုက်၍ ပွဲ ခံရသောအခွင့်ရှိ၏။
ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
သင် တို့ထံမှာတည်းခို သော တပါး အမျိုးသားသည်၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ ခြင်းငှါအလိုရှိလျှင် ၊ စီရင် ထုံးဖွဲ့၍ ခံရသောထုံးစံ အတိုင်း ပွဲ ခံရ မည်။ သင်တို့တွင် တည်းခိုသော တပါး အမျိုးသားဖြစ်သောသူ၊ အမျိုးသား ချင်းဖြစ်သောသူတို့သည် ထုံးစံ တပါးတည်း သာ ရှိ ရကြမည်ဟုမိန့် တော်မူ၏။
တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ မိုဃ်းတိမ် တည် လေရာရာ ၌ လည်း ၊ တဲ များကို ဆောက်ပြန်ကြ၏။
ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း လည်း တဲ များကို ဆောက်ကြ၏။ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည် နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌နေကြ၏။
မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်ကြာမြင့် စွာတည် နေသောအခါ ၊ ဣသရေလ အမျိုးသား တို့ သည် ခရီး မ သွားဘဲ ထာဝရဘုရား ထံတော်၌ စောင့် နေကြ ၏။
မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်အနည်းငယ် မျှ တည် နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ၏။ ထာဝရဘုရား အမိန့် တော်အတိုင်း လည်း၊ ခရီးသွား ကြ၏။
ညဦးယံ မှစ၍ နံနက် အချိန်တိုင်အောင် မိုဃ်းတိမ် တည် နေ၍၊ နံနက် အချိန်၌ မြောက် သောအခါ ခရီးသွား ကြ၏။ နေ့ ဖြစ်စေ ၊ ည ဖြစ်စေ၊ မိုဃ်းတိမ် မြောက် သောအခါ ခရီးသွား ကြ၏။
နှစ်ရက် ဖြစ်စေ ၊ တလ ဖြစ်စေ ၊ တနှစ် ဖြစ်စေ ၊ မိုဃ်းတိမ် သည် တဲ တော်ပေါ်မှာ တည် နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသား တို့သည် ခရီး မ သွားဘဲ တဲ ၌နေကြ၏။ တဖန် မိုဃ်းတိမ်မြောက် ပြန် သောအခါ ခရီးသွား ကြ၏။
ထာဝရဘုရား အမိန့် တော်အတိုင်း တဲ ၌ နေကြ ၏။ထာဝရဘုရား အမိန့် တော်အတိုင်း လည်း ခရီးသွား ကြ၏။ ထာဝရဘုရားသည် မောရှေ အားဖြင့် မိန့် တော်မူသည် အတိုင်း ထာဝရဘုရား အထံတော်၌ စောင့် နေကြ၏။