scripture.how Bible Copywork
EN

Copywork

Judson Burmese Ruth 2장

Copywork is not a speed-typing drill but time to re-hold the words and flow of Scripture, one verse at a time. Your input is saved temporarily in this browser, and to your account when you are signed in.

KO Korean
ZH Chinese
JA Japanese
HI Hindi
BN Bengali
TA Tamil
TE Telugu
ML Malayalam
FA Persian
MY Burmese
NE Nepali
MR Marathi
KN Kannada
HA Hausa
YO Yoruba
SW Swahili
IG Igbo
ID Indonesian
TSI
PT Portuguese
VI Vietnamese
AR Arabic
AVD
RU Russian
UK Ukrainian
RO Romanian
BTF
IT Italian
FI Finnish
TO Tongan
HR Croatian
SR Serbian
TR Turkish
HU Hungarian
PL Polish
SK Slovak
LA Latin
NL Dutch
CS Czech
FR French
ES Spanish
DE German
ETC Other languages
2:1
Waiting

နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။

2:2
Waiting

မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။

2:3
Waiting

ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။

2:4
Waiting

ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။

2:5
Waiting

ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊

2:6
Waiting

လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။

2:7
Waiting

သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊

2:8
Waiting

ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။

2:9
Waiting

သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊

2:10
Waiting

ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။

2:11
Waiting

ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။

2:12
Waiting

သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊

2:13
Waiting

ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။

2:14
Waiting

ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။

2:15
Waiting

စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။

2:16
Waiting

ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။

2:17
Waiting

ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။

2:18
Waiting

ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။

2:19
Waiting

ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။

2:20
Waiting

ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။

2:21
Waiting

ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊

2:22
Waiting

နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊

2:23
Waiting

သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။