ပညာရှိ သောမိန်းမ သည် မိမိ အိမ် ကို တည်ဆောက် တတ်၏။ မိုက် သောမိန်းမမူကား ၊ ကိုယ် လက် နှင့် ဖြိုဖျက် တတ်၏။
KO
Copywork
Judson Burmese 잠언 14장
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 잠언
ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား ၊ မထီမဲ့မြင် ပြုတတ်၏။
မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။
နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း ၊ နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။
သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။
မထီမဲ့မြင် ပြုသောသူသည် ပညာ ကိုရှာ ၍ မ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ၊ ပညာ အတတ်ကို ရ လွယ်၏။
မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို ရှောင် သွား လော့။
ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ၊ ပရိယာယ် တည်း။
မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။
စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။
မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ၊ ပွင့်လန်း တတ်၏။
လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။
စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။
ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ မိမိ သွား ရာ လမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။
ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။
စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ ကောင်းသောအကြံကို ကြံသောသူ ကိုလည်း သူတပါးမုန်း လိမ့်မည်။
ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။
လူဆိုး တို့သည် သူ တော်ကောင်းရှေ့ ၌၎င်း ၊ မ တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၌ ၎င်း ဦးချ တတ်ကြ၏။
ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။
မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား သောသူမူကား ၊ မင်္ဂလာ ရှိ၏။
မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။
ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲ ခြင်းသက်သက် တည်း။
ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။
မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင် တတ်၏။ မ မှန်သောသက်သေ မူကား ၊ မုသာ ကို သုံးတတ်၏။
ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။
ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။
ပြည်သား များပြား ရာ၌ ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား ၊ မင်း အကျိုးနည်း ခြင်းရှိ၏။
စိတ် ရှည် သောသူသည် ပညာ ကြီး ၏။ စိတ်တို သောသူမူကား ၊ အထူးသဖြင့်မိုက် ပေ၏။
ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား ၊ အရိုး ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။
ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။
မ တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။
ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။
ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ၊ ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။
ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား ၊ အမျက် တော်ကိုခံရ မည်။