ရှင်ဘုရင် ယေခေါနိ နှင့်တကွ မိဖုရား အစ ရှိသောမိန်းမစိုး များ၊ ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်များ၊ လက်သမား ၊ ပန်းပဲသမား များတို့သည် ယေရုရှလင် မြို့မှ သွား သောနောက် ၊
KO
Copywork
Judson Burmese · 29:1-14 The Letter Sent to the Exiles
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 예레미야
ယုဒ ရှင်ဘုရင် ဇေဒကိ သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ထံ ၊ ဗာဗုလုန် မြို့သို့စေလွှတ် သော ရှာဖန် သား ဧလာသာ နှင့် ဟိလခိ သား ဂေမရိ တွင်၊ ပရောဖက် ယေရမိ သည်စာရေး၍
ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွား ခြင်းကိုခံရသော အသက်ကြီး သူ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသားကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင် မြို့မှ ပေးလိုက် သော စာဟူမူကား၊
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားစေတော်မူသော သူအပေါင်း တို့ အား မိန့် တော်မူသည်ကား ၊
အိမ် တို့ကိုဆောက် ၍ နေရာချ ကြလော့။
ဥယျာဉ် တို့ကို စိုက်ပျိုး ၍ အသီး ကို စား ကြလော့။ သင်တို့သည် ထို ပြည်၌ ခေါင်းပါး ခြင်းမ ရှိ၊ တိုးပွား များပြားမည်အကြောင်း၊ မယား နှင့်နေ ၍ သား သမီး ကို ဘွားမြင် ကြလော့။ သား သမီး တို့ကိုလည်း၊ အချင်းချင်းတယောက်ကိုတယောက်ပေးစား ၍၊ တဖန် သား သမီး ကို ဘွားမြင် စေကြလော့။
ငါသည် သင် တို့ကို သိမ်း သွားစေသော မြို့ သည်လည်း ၊ ငြိမ်သက် ခြင်းရှိမည်အကြောင်းကို ပြုစု ၍၊ ထို မြို့အဘို့ အလိုငှာ၊ ထာဝရဘုရား အား မေတ္တာ ပို့ကြလော့။ ထိုမြို့ ၏ငြိမ်သက် ခြင်းအားဖြင့် ၊ သင် တို့သည်လည်း ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်။
ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့တွင် ရှိ သော ပရောဖက် ဆရာ၊ အနာဂတ် ဆရာတို့သည် သင် တို့ကို မ လှည့်စား ကြစေနှင့်။ သင် တို့မြင် စေသော အိပ်မက် တို့ကို လည်း မ ယုံ မမှတ်ကြနှင့်။
တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာ တို့သည် ငါစေလွှတ် သောသူမဟုတ် ဘဲ၊ ငါ့ နာမ ကို အမှီပြု ၍ မုသာ စကား ကို ဟော ပြောတတ်ကြ၏။
တဖန်မိန့် တော်မူသည်ကား ၊ ဗာဗုလုန် မြို့၌ အနှစ် ခုနစ်ဆယ် စေ့ သောအခါ၊ သင် တို့ကို ငါအကြည့်အရှု ကြွ လာမည်။ ငါ ထားသော ဂတိ ကောင်း ကိုတည် စေ၍၊ သင် တို့ကို ဤ ပြည် သို့ ငါပို့ဆောင် ဦးမည်။
တဖန်မိန့် တော်မူ သည်ကား၊ ငါ သည် သင် တို့ကိုအကျိုးနည်း စေခြင်းငှာ ကြံစည်သော အကြံမဟုတ် ဘဲ၊ သင်တို့သည် မြော်လင့် သော အကျိုးကိုရ မည်အကြောင်း ၊ ငြိမ်ဝပ် စေခြင်းငှာသာ၊ သင် တို့အဘို့ ကြံစည် သော အကြံ တို့ကို ငါ သိ ၏။
တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။
ငါ့ ကိုရှာ သောအခါ စိတ်နှလုံး အကြွင်းမဲ့ နှင့် ရှာ လျှင် တွေ့ ကြလိမ့်မည်။
ငါသည်လည်း၊ သင် တို့အတွေ့ ကိုခံ မည်။ အထက်က ငါနှင်ထုတ်၍ သင် တို့ခံရသောသိမ်းသွား ခြင်း အမှုကို ငါသည် ဖြေရှင်းခြင်းငှာ၊ တိုင်း နိုင်ငံအရပ်ရပ် တို့မှ သင် တို့ကို ငါစုသိမ်း ပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင် တို့ရှုံး သော ပြည် သို့ တဖန်ငါဆောင် ခဲ့ဦးမည်ဟုထာဝရဘုရား မိန့် တော်မူ၏။