ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီးနန်းစံကိုးနှစ် ဒသမ လ တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့် တကွလာ ၍ ယေရုရှလင် မြို့ကို ဝိုင်း ထားကြ၏။
KO
Copywork
Judson Burmese 예레미야 39장
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 예레미야
ဇေဒကိ မင်းကြီးနန်းစံဆယ် တ နှစ် ၊ စတုတ္ထ လ ကိုး ရက်နေ့၌ မြို့ ကို ဖြို ဖေါက်၍ ၊
ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုး အုပ်စာသခိမ် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အစ ရှိသော မှူးတော် မတ်တော်အပေါင်း တို့သည် မြို့ထဲသို့ဝင်၍၊ အလယ် ချက် တံခါးဝ ၌ ထိုင် ကြ၏။
ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။
ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍ ၊
ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် လေ၏။
ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၍ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။
ထို အခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန် ကြွင်းသောသူ ၊ ခါလဒဲ လူဘက် သို့ ကူး သွား နှင့်သော သူ၊ ကျန် ကြွင်းသမျှသောသူ တို့ ကိုဗာဗုလုန် မြို့သို့ သိမ်း သွားလေ၏။
သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒ ပြည် ၌ ထား ခဲ့၍ ၊ စပျစ် ဥယျာဉ်နှင့် လယ်ယာ တို့ကိုပေး လေ၏။
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရမိ အမှု၌၊ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ကို မှာ ထားနှင့် သည်ကား၊
ယေရမိ ကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊
ကိုယ်ရံတော် မှူးနေဗုဇာရဒန် ၊ မိန်းမစိုး အုပ် နေဗုရှာဇဗန် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ အစရှိ သောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အပေါင်း တို့သည် လူကိုစေလွှတ် ၍ ၊
ယေရမိ ကိုထောင် ဝင်း ထဲက နှုတ်ယူ ပြီး လျှင်၊ သူ၏နေရာ သို့ ပို့ဆောင် စေခြင်းငှါ ၊ ရှာဖန် သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် ကြ၏။ သို့ ဖြစ်၍၊ ယေရမိ သည် ပြည်သား များနှင့် အတူနေ ရလေ၏။
ယေရမိ သည်ထောင် ဝင်း ထဲမှာ အချုပ် ခံရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊
သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။
သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။
ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် မ ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။