ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ ထ စေမည် ။
KO
Copywork
Judson Burmese · 51:1-14 The Wind of Destruction Against Babylon
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 예레미야
စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ၍ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။
လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို မ နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ ၍ အထိုး ခံရကြလိမ့်မည်။
ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။
ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။
ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။
ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။
ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။
မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။
များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။