တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့၌ ငါထား သော ဂတိ အတိုင်း ကျေးဇူး ပြုရသော အချိန်ကာလသည် ရောက် လိမ့်မည်။
KO
Copywork
Judson Burmese · 33:14-26 The Righteous Branch and the Everlasting Covenant
성경필사는 빠르게 끝내는 입력 훈련이 아니라, 한 절씩 말씀의 문장과 흐름을 다시 붙드는 시간입니다. 입력 내용은 이 브라우저에 임시 저장되며, 로그인하면 계정에도 저장됩니다.
소제목 단위로 진행 · 예레미야
ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။
ထို ကာလ ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ ရောက်၍ ၊ ယေရုရှလင် မြို့သည်လည်း ငြိမ်ဝပ် ခြင်း ရှိ လိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိလိမ့်သတည်း။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ နန်းတော် ပေါ် မှာ ထိုင် ရသောဒါဝိဒ် မင်းရိုး မင်းစဉ်သည် အလျှင်း မပြတ် ရ။
ငါ့ ရှေ့ မှာ မီးရှို့ ရာ ယဇ်ကိုပူဇော် လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ လျက် ၊ ယဇ် ပူဇော်ရာဝတ်ကို အစဉ် ပြု ရသော လေဝိ သားယဇ် ပုရောဟိတ်ရိုးလည်း အလျှင်း မပြတ် ရဟု မိန့်တော်မူ၏။
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊
ငါ ၏ကျွန် ဒါဝိဒ် ၌ ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် မ ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နေ့ နှင့် ညဉ့် အဘို့ငါ ၏ပဋိညာဉ် မရှိ လျှင် ၎င်း ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး တရား တို့ကို ငါမ စီရင် လျှင်၎င်း ၊
အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။